ကမ္ဘာ့အကြီးဆုံးနဲ့ အားအကောင်းဆုံးလို့ သတ်မှတ်ခံထားရပြီး ပေ ၄၀၀ ရှည်လျားတဲ့ Starship ဒုံးပျံကို SpaceX ကုမ္ပဏီက စမ်းသပ်လွှတ်တင်ခဲ့ပြီး မြေပြင်ပေါ် ပြန်ကျလာတဲ့ ဒုံးပျံ booster ကို အောင်မြင်စွာ ဖမ်းပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်က တက္ကဆက်မြို့ တောင်ပိုင်း ဘိုကာချီကာအရပ်ကနေ ဒုံးပျံလွှတ်တင်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ ဒုံးပျံ booster ကို ဒုံးလွှတ်စင်မြင့်မှာရှိတဲ့ စက်လက်တံနှစ်ခုက အောင်မြင်စွာ ပြန်လည်ဖမ်းယူနိုင်ခဲ့တာပါ။ SpaceX ကုမ္ပဏီဟာ မြေပြင်ပေါ် ပြန်ကျလာတဲ့ ဒုံးပျံ booster ကို ဒုတိယအကြိမ် အောင်မြင်စွာ ပြန်လည်ဖမ်းယူပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Starship ဒုံးပျံလွှတ်တင်ရာမှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ ၈ မိနစ်ခွဲလောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ […]
တန်ဇန်းနီးယားနိုင်ငံမှာ မာဘာ့ဂ်ဗိုင်းရပ်စ်(Marburg) ကူးစက်ပျံ့နှံ့မှုလို့ ယူဆရတဲ့ အခြေအနေကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး တန်ဇန်းနီးယားနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိုးရိမ်စရာအခြေအနေ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၁၁ ရက်အထိ မှတ်တမ်းတွေအရ တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်း ကာဂျီရာဒေသရဲ့ ခရိုင်နှစ်ခုမှာ အီဘိုလာနဲ့အသွင်သဏ္ဍာန်တူတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးပေမဲ့ တန်ဇန်းနီးယားနဲ့ ဒေသတွင်းနိုင်ငံတွေကို ကူးစက်ပြန့်ပွားနိုင်ခြေ မြင့်မားတယ်လို့ သတ်မှတ်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ဖျားနာ၊ ခေါင်းကိုက်၊ ကျောအောင့်၊ အော့အန်၊ ဝမ်းပျက်၊ နုံးခွေ အစရှိတဲ့ ရောဂါလက္ခဏာတွေ ခံစားရလေ့ရှိပြီး ကြာလာရင်တော့ ဒွာရပေါက်တွေကနေ သွေးထွက်တာမျိုး ကြုံရလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ သေဆုံးနိုင်ခြေ ၈၉ […]
အိန္ဒိယနိုင်ငံမှ စွန့်ဦးတီထွင်သူ အမျိုးသမီးနှစ်ဦးဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ခုံတန်းလျား၊ အမှိုက်ပုံး၊ ပန်းအိုး အစရှိတဲ့ ပစ္စည်းတွေ ဖန်တီးလျက်ရှိပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုဆိုတာ ရေရှည်တည်တံ့တဲ့ အနာဂတ်ဖြစ်ပေါ်ရေးကို အကြီးအကျယ် စိန်ခေါ်နေတဲ့ အကြောင်းအရာတစ်ခုပါ။ ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီးစေနိုင်တာ၊ စိုက်ပျိုးဖြစ်ထွန်းနိုင်စွမ်းကို လျော့ကျစေတာ၊ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာတွေအပြင် ကမ္ဘာတစ်ဝန်း ကာဗွန်ထုတ်လွှတ်မှုရဲ့ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဆိုနယ်နဲ့ ဗိုင်ဘက်ဗ်ဆိုတဲ့ စွန့်ဦးတီထွင်သူ အမျိုးသမီးနှစ်ဦးဟာ ဟိမဝန္တာတောင်တက်ခရီးမှာ သူတို့ကြုံတွေ့ခဲ့တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ econscious လို့အမည်ရတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ကြတာပါ။ ပုံမှန်အားဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းစဉ်မှာ အရည်ကျိုပြီး ကော်စေ့အဖြစ် အသွင်ပြောင်းကြလေ့ရှိပေမဲ့ ဆိုနယ်နဲ့ ဗိုင်ဘတ်ဗ်ကတော့ ဒီအဆင့်ကို ကျော်လွှားပြီး […]
လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးတဲ့ TikTok ကြယ်ပွင့် ဘီယန်ဒရီ ဘိုရ်ဆန်ဟာ အသက် ၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်သွားပြီဆိုတာကို သူ့ရဲ့မိခင်ဖြစ်သူက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။ ဘီယန်ဒရီဟာ Progeria လို့ခေါ်တဲ့ ကလေးတွေကို အရွယ်မတိုင်ခင် အသက်ကြီးရင့်စေတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါကို ခံစားခဲ့ရတာပါ။ သူ့ရဲ့မိခင်က “In Loving Memory of Beandri Booysen” ဆိုတဲ့နာမည်နဲ့ အခုလို ပို့စ်တင်ခဲ့တာပါ။ “တောင်အာဖရိကရဲ့အချစ်မြတ်နိုးရဆုံးနဲ့ စိတ်ဓာတ်ခွန်အားအဖြစ်ဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီယန်ဒရီ ဘိုရ်ဆန် ကွယ်လွန်ကြောင်း ကြေညာလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘီယန်ဒရီက သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကူးစက်တတ်တဲ့ရယ်မောခြင်းတွေကြောင့် နာမည်ကြီးရုံသာမက တောင်အာဖရိကမှာ Progeria ရောဂါနဲ့ နေထိုင်ဖို့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူလည်းဖြစ်ခဲ့ပါတယ်။ […]
မီးလောင်ပျက်စီးခဲ့တဲ့ နော်တြာဒိမ်းဘုရားကျောင်းကို ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေချိန်အတွင်း ရှေးဟောင်းပညာရှင်တွေက တူးဖော်ရှာဖွေမှုတွေ လုပ်ခဲ့ရာမှာ အုတ်ဂူ ၁၀၀ နဲ့ ရှေးဟောင်းပစ္စည်း ၁၀၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဥပဒေအရ အဆောက်အအုံသစ် တည်ဆောက်မှု၊ ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေချိန်အတွင်း ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရှာဖွေခွင့် ရှိပါတယ်။ အဲဒီလို တူးဖော်ရှာဖွေရာမှာ ကမ္ဘာကျော် နော်တြာဒိမ်း ဘုရားကျောင်းရဲ့ အုတ်မြစ်အလွှာကို ကြုံတောင့်ကြုံခဲ မြင်ခွင့်ရခဲ့တဲ့အပြင် ရှေးဟောင်းပစ္စည်း အများအပြားပါ တွေ့ရှိခဲ့တာပါ။ Institut National de Recherches Archéologiques Préventives (INRAP) မှ ရှေးဟောင်းသုသေတနအဖွဲ့တွေဟာ ထုံးကျောက်နဲ့ ထုဆစ်ထားတဲ့ ခရစ်တော်ရုပ်တုအပါအဝင် သူတော်စင်တွေ၊ အမျိုးသားတွေရဲ့ ရုပ်တု အစိတ်အပိုင်း ရာနဲ့ချီ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ယခင်တုန်းက ဓမ္မတေးသီဆိုရာနေရာနဲ့ […]
မက္ကဆီကိုအနုပညာရှင် ဂျရတ်ပွန်တီယာဟာ LEGO အသုံးပြုပြီး လက်ရာမြောက် ပုံတူကားချပ်တွေ ဖန်တီးလျက် ရှိပါတယ်။ ၂ နှစ်သားအရွယ်ကတည်းက LEGO နဲ့ ကစားခဲ့တဲ့ ပွန်တီယာဟာ ၁၀ နှစ်အရွယ်မှာတော့ ကမ္ဘာ့ချန်ပီယံ LEGO Builder တစ်ယောက် ဖြစ်နေပါပြီ။ သူဟာ LEGO ကို ကြားခံကိရိယာတစ်ခုလို အသုံးပြုပြီး ပုံတူကားချပ်တွေ ဖန်တီးတဲ့ ကမ္ဘာ့ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို ဖန်တီးမှုအပိုင်းမှာတော့ စံတင်လောက်သူတစ်ဦးပါ။ ပွန်တီယာက ဂီတကိုလည်း ဝါသနာထုံပြီး နိုင်ငံတကာအသိအမှတ်ပြု တယောသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဂီတဖျော်ဖြေပွဲ တော်တော်များများ ဖျက်လိုက်ရလို့ အားလပ်ချိန် ပိုရလာတဲ့အတွက် ပွန်တီယာက LEGO ဘက်ကို အာရုံ ပြန်စိုက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူက […]
တရုတ်စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Star1စက်ရုပ်ဟာ တစ်နာရီကို ၈ မိုင်နှုန်းအထိ ပြေးနိုင်စွမ်းရှိပြီး ကမ္ဘာ့အမြန်ဆုံး ခြေနှစ်ချောင်းစက်ရုပ်လို့ တင်စားခံနေရပါတယ်။ ဂိုဘီသဲကန္တာရထဲမှာ ဖိနပ်ဝတ်ပြီး ပြေးနေတဲ့ Star1စက်ရုပ် ဓာတ်ပုံတွေက ပြီးခဲ့တဲ့လအတွင်း တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ Robot Era ကုမ္ပဏီက ထုတ်လုပ်တဲ့ STAR1 စက်ရုပ်ဟာ အားကောင်းတဲ့ မော်တာတွေနဲ့ ဉာဏ်ရည်တု အယ်လ်ဂိုရစ်သမ်ကို အသုံးပြုထားပြီး သဲမြေ၊ မြက်ခင်းပြင် အစရှိတဲ့ မြေမျက်နှာသွင်ပြင် အမျိုးမျိုးမှာ ပြေးနိုင်စွမ်းရှိပါတယ်။ လူသားပုံစံ ဖန်တီးထားတဲ့ STAR1 စက်ရုပ်ဟာ ၅.၆ ပေမြင့်ပြီး အလေးချိန် ၁၄၃ ပေါင် ရှိပါတယ်။ တစ်စက္ကန့်ကို ၃.၆ မီတာနှုန်း ပြေးနိုင်စွမ်းရှိပြီး ခြေနှစ်ချောင်းစက်ရုပ်တွေထဲမှာ အပြေးအမြန်ဆုံးပါပဲ။ တကယ်တော့ အခုလို စွမ်းဆောင်နိုင်တာဟာ အပြေးဖိနပ်နဲ့လည်း […]
တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုတဲ့ ခူကောင်မှိုတစ်မျိုးဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းကို နှေးကွေးစေတဲ့ အာနိသင်ရှိကြောင်း ဗြိတိန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ နော်တင်ဟမ်တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာကျောင်းမှ သိပ္ပံပညာရှင်တွေဟာ ကပ်ပါးမှိုက ရောဂါတွေကုသရာမှာ ဘယ်လိုအစွမ်းရှိသလဲဆိုတာကို လေ့လာခဲ့ကြပြီး သူတို့ရဲ့တွေ့ရှိမှုတွေကို FEBS စာစောင်မှာ ရေးသားခဲ့တာပါ။ ခူကောင်မှာ ကပ်ငြိပြီး ဖြစ်ပေါ်လာသော လိမ္မော်ရောင်မှို(Cordyceps)က ထုတ်ပေးတဲ့ Cordycepin ကွန်ပေါင်းဟာ ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိနေတာ တွေ့ရှိခဲ့တာပါ။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတာဟာ ဆဲလ်ကြီးထွားမှုအချက်ပြလှိုင်းတွေကြောင့်ဖြစ်ပြီး Cordycepin ကွန်ပေါင်းက အဲဒီလှိုင်းတွေကို တားဆီးပိတ်ပင်ပေးနိုင်စွမ်း ရှိပါတယ်။ ” စိတ်လှုပ်ရှားစရာကောင်းတာတစ်ခုကတော့ စမ်းသပ်မှုတွေလုပ်ဖို့ တော်တော်လည်းလွယ်တယ်။ ကုန်ကျစရိတ်လည်း အရမ်းသက်သာတယ်။ အဲဒီတော့ ထောင်နဲ့ချီတဲ့မျိုးဗီဇတွေကို တပြိုင်တည်းခွဲခြမ်းစိတ်ဖြာကြည့်လို့ ရတယ်”လို့ ဒီသုတေသနကို ဦးဆောင်တဲ့ ဆေးဘက်ဆိုင်ရာကျောင်းမှ […]
ရုရှားနိုင်ငံသား နာရီဖန်တီးသူ ကွန်စတန်တင်ချေကင် ဖန်တီးထားတဲ့ The ThinKing နာရီဟာ ကမ္ဘာ့အပါးဆုံး လက်ပတ် စက်နာရီအဖြစ် စံချိန်တင်နိုင်ဖို့ ရှိနေပါတယ်။ ကမ္ဘာ့အပါးဆုံး လက်ပတ်နာရီ ဖန်တီးနိုင်ဖို့အတွက် နာမည်ကျော်ကုမ္ပဏီကြီးတွေအပါအဝင် နာရီဖန်တီးသူတွေ အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာ နှစ်ကာလ အတော်ကြာခဲ့ပါပြီ။ ချေကင် ဖန်တီးတဲ့ The ThinKing နာရီကတော့ အထူ ၁.၆၅ မီလီမီတာပဲ ရှိပြီး လက်ပတ်နာရီအဖြစ် ဝတ်ဆင်ဖို့တောင် အလွန်ခက်ခဲတဲ့အထိ ပါးလျလွန်းပါတယ်။ အလွန်ပါးလွန်းတာကြောင့် နာရီကြိုးတင်းအားဒဏ်နဲ့တောင် ကျိုးပဲ့ပျက်စီးလွယ်တဲ့အတွက် အထူးဖန်တီးထားတဲ့ နာရီကြိုး တပ်ဆင်ခဲ့ရတာပါ။ တင်းအားဒဏ်၊ တွန့်လိမ်မှုဒဏ်တွေ ခံနိုင်အောင် မိကျောင်းသားရေ လက်ပတ်ကြိုးပေါ်မှာ တိုင်တေနီယမ်သတ္တု အကွပ်တွေနဲ့ တွယ်ဆက်ဖန်တီးထားရတာ ဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ ခွေးသွားစိတ်တွေကို ဟန်ချက်ညီဘီးနှစ်ဆင့်စနစ်နဲ့ ဖန်တီးထားတာဖြစ်လို့ အခုလောက်အထိ ပါးလွှာတာဖြစ်ပြီး […]
ဗြိတိန်နိုင်ငံမှ အနုပညာရှင်တစ်ဦးဟာ မှန်ချပ်ကို ကန်းဗတ်စလို အသုံးပြုပြီး တူနဲ့အက်ကြောင်းဖော်ကာ အံ့အားသင့်စရာ ပုံတူပန်းချီကားတွေ ဖန်တီးခဲ့ပါတယ်။ လန်ဒန်မြို့မှာ နေထိုင်တဲ့ နီယယ်ရှူကလာဟာ စာရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်အောင် ကြိုးစားရင်း စိတ်ထွက်ပေါက်အနေနဲ့ မှန်အက်ကြောင်းပန်းချီကားတွေ ဖန်တီးခဲ့တာပါ။ မှန်ချပ်ကို ဆောက်နဲ့ ထွင်းရာမှာ အက်ကြောင်းတစ်ခု နေရာမှားသွားရုံနဲ့ ပန်းချီကားတစ်ချပ်လုံး သဲထဲရေသွန် ဖြစ်သွားနိုင်တာကြောင့် တကယ့်ကို အနုစိတ်ဖန်တီးရတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရှူကလာက သူ့ရဲ့မှန်အက်ကြောင်း ပန်းချီကားကို လူမှုကွန်ရက်ပေါ် တင်ရာမှာ ၄ ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၄ သန်း ရှိလာခဲ့ပြီး သူလည်း ကျော်ကြားသွားခဲ့ပါတယ်။ နောက်နှစ်မှာတော့ သူဟာ လူမှုကွန်ရက်မှာ နှစ်သက်အားပေးသူ ၁ သိန်းကျော် ရှိလာခဲ့တာပါ။ ” မှန်အက်ကြောင်းပန်းချီက အရောင်တစ်ရောင်တည်းဆိုတော့ ဖန်တီးရတာ တော်တော်ခက်တယ်။ […]