အပူပိုင်းမုန်တိုင်း တိုရာဂျီသည် ဘဏ္ဍာရေးအချက်အချာမြို့၏ တောင်ဘက် ၁၅၀ ကီလိုမီတာခန့်အကွာမှ အရှိန်ပြင်းစွာ တိုက်ခတ်လာလျက်ရှိသဖြင့် အာဏာပိုင်များက တိုက်ဖွန်းသတိပေးချက် အမြင့်ဆုံးအဆင့် ၃ အဖြစ် ထုတ်ပြန်လိုက်ပြီးနောက် ဟောင်ကောင်တွင် ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) ၌ စာသင်ကျောင်းများနှင့် လုပ်ငန်းဌာနများစွာကို ပိတ်လိုက်ကြောင်း သိရသည်။ တိုရာဂျီသည် နေ့ဘက်တွင် လေတိုက်နှုန်း တဖြည်းဖြည်းလျော့နည်းလာကာ ဟောင်ကောင်မှ ဝေးရာသို့ရွေ့လျားပြီး အားပျော့သွားနိုင်သည်ဟု မျှော်လင့်ကြောင်း မြို့တော်၏ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။ လေပြင်းတိုက်ခတ်မှုသတိပေးချက်ကို မနက် ၁၀း၂၀ နာရီတွင် အဆင့် ၈ မှ ၃ သို့ လျှော့ချသွားမည်ဟု စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုခဲ့ပြီး နောက်ရက်များတွင် လုပ်ဆောင်တာအများအပြားကို ပြန်ဖွင့်ခွင့်ပြုသွားမည်ဟု ပြောဆိုခဲ့သည်။ လမ်းများပေါ်တွင် အသွားအလာ တိတ်ဆိတ်ငြိမ်သက်နေပြီး မြို့လယ်၌ အပျက်အစီး အနည်းအကျဉ်းရှိကြောင်း […]