ဟားခါး၊ ဒီဇင်ဘာ ၂၇ စဉ်ဆက်မပြတ်ပန်းတိုင်များ (Sustainable Development Goals – SDGs) အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂) နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။ ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များဆိုသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ရန် ရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင် (၁၉၃) နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက (၂၀၁၅) ခုနှစ်တွင် သဘောတူခဲ့ကြပါကြောင်း ၊ […]