Skip to content Counterpoint ရဲ့ ဈေးကွက် သုတေသန စစ်တမ်းအရ iPhone 15 ဟာ ဒီနှစ် ကွာတား ၃ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ် ဖုန်း ဖြစ်ခဲ့ပါတယ်။ iPhone 15 ရဲ့ နောက်မှာ iPhone 15 Pro Max နဲ့ 15 Pro တို့ဟာ ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။ ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Samsung က နေရာများစွာ ယူထားပြီး အများစုက Samsung ရဲ့ တန်ဖိုးနည်း Galaxy A Series တွေ ဖြစ်ပါတယ်။ Galaxy S24 ဟာ […]
ဒီနေ့တော့ ပြည်ပထွက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတို့အတွက် အမှန်တကယ် အသုံးဝင်မယ့် App လေးတခုနဲ့မိတ်ဆက်ပေးပါမယ်။ အထူးသဖြင့် ထိုင်းရောက်မြန်မာတို့အတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်ဗျ။ နိုင်ငံတော်တော်များများမှာက English Language နဲ့ပဲအဆင်ပြေပြေဆက်သွယ်နိုင်ကြတယ်ဆိုပေမယ့် ထိုင်းမှာတော့ English Language ကိုလည်းသိပ်မသုံးကြဘူးဆိုတော့ တခုခုဆို ဘာသာစကား အခက်အခဲရှိမှာပါပဲ။ ဒီအတွက် Voice Translator (All Languages) ဆိုတဲ့ App လေးကိုသုံးကြည့်ပါ။ ဒီ App လေးထဲမှာ မြန်မာဘာသာစကားအပါအဝင် နိုင်ငံတကာရဲ့ဘာသာစကားအားလုံးကို Voice Translate လုပ်ပေးနိုင်ပါတယ်။ ကိုယ်ပြောမယ့်ဘာသာစကားနဲ့ ပြောင်းချင်တဲ့ဘာသာစကားကိုရွေးချယ်ပြီးတာနဲ့ အလွယ်တကူ Voice Translate လုပ်ပေးနိုင်တယ်။ ဥပမာ မြန်မာလို ထမင်းစားပြီးပြီလား လို့ပြောလိုက်ရင် ထိုင်းဘာသာစကားနဲ့ အသံထွက်ပြီးပြောပေးမှာဖြစ်ပါတယ်။ စကားမပြောချင်လို့ စာရိုက်ပေးလိုက်ရင်လည်း အသံနဲ့ပဲ ပြန်ပြောပေးမှာပါ။ ထိုင်းဘာသာစကားကို အဓိကထားပြီး […]
TikTok မှာ Creative ဖြစ်တဲ့ဗီဒီယိုတွေဖန်တီးဖို့အတွက် အခုပြောမယ့် Tool (၃)ခုရှိရင်ရပြီ။ အကုန်လုံး Free သုံးလို့ရတယ်ဆိုတော့ စမ်းကြည့်ကြည့်ပါ။ ၁။ Pinterest (Free Videos/Photos) – ပုံတွေ၊ ဗီဒီယိုကလစ်အတိုလေးတွေလိုချင်ရင် Pinterest ကနေရှာပါ။ ဖေ့ဘုတ်မှာတွေ့နေရတဲ့ ကြောင်ဟာသတွေ၊ အလွဲဗီဒီယိုအတိုလေးတွေ၊ ဇာတ်ကားထဲကဖြတ်ပိုင်းအတိုလေးတွေ စသဖြင့် လိုချင်တာအားလုံးကို Pinterest ထဲမှာရှာလို့ရပါတယ်။ ဇာတ်လမ်းထဲက ဖြတ်ပိုင်းအတိုလေးတွေကအစ ရှာလို့ရတာတော့ အကြိုက်ဆုံးပဲ။ ၂။ Hypic (Photo Template) – ကုန်ပစ္စည်းကြော်ငြာဖို့အတွက်ဖြစ်စေ၊ ပုံလှလှတွေဖန်တီးဖို့ဖြစ်စေ Hypic မှာ Template တွေစုံစုံလင်လင်ရနိုင်ပါတယ်။ လူကြိုက်များ၊ ခေတ်စားတဲ့ Template တွေမို့ အသုံးတည့်ပါလိမ့်မယ်။ ကော်ဖီဆိုင် mini vlog ဖန်တီးချင်တဲ့သူတွေအတွက် အတော်မိုက်မယ်။ ၃။ Capcut […]