နေပြည်တော်၊ ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ(Myanmar National Building Code)အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ရုံး Conference Room ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံအဆောက်အအုံ ဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင် အထည်ဖော်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအဆောက် အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲ ပြုစုရေးဆပ်ကော်မတီနှင့် အထပ်မြင့်နှင့် အများ ပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံ ကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ […]