နေပြည်တော် နိုဝင်ဘာ ၈ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် အဆောင်များ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဆပ်ကော်မတီဝင်များက လာရောက်ကြမည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဧည့်ခံကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်းခိုနေထိုင်သူများအတွက် သောက်ရေ/ သုံးရေများ လုံလောက်မှုရှိစေရေးနှင့် ကျန်းမာ ရေးနှင့်အညီ သန့်ရှင်းမှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ ဧည့်ခံကျွေးမွေးမည့် အဆောင် […]