ylliX - Online Advertising Network

အောက်ပိုင်း မာဆယ် တောင့်တင်းကြံ့ခိုင်

စက်တွေ ၊ လေ့ကျင့်ခန်း ကိရိယာတွေမပါပဲ ခန္ဓာကိုယ် အောက်ပိုင်းမှာရှိတဲ့ ကြွက်သားအစိတ်အပိုင်း တစ်ခုစီကို ထိရောက်မှုရှိရှိ ကြံ့ခိုင်သန်မာလာအောင် ကစားလို့ ရနိုင်ပါတယ်။ အောက်ပိုင်း မာဆယ်တွေ တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းတဲ့ ကွီးတစ်ယောက်ဖြစ်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ ထိရောက်မှုအရှိဆုံး ကစားနိုင်မယ့် လေ့ကျင့်ခန်း တွေကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း (၁)     Source : FitnessBlender ပထမဆုံး ဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းကတော့ Lunges ပါ။ ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပေါင်းတွင်း ကြွက်သားတွေ ၊ တင်ပါးနဲ့ ခြေသလုံးတဝိုက်က မာဆယ်တွေကို ကြံ့ခိုင်သန်စေတဲ့အပြင် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထား မှန်ကန်စေဖို့များစွာ အထောက်အကူ ဖြစ်စေပါတယ်။ […]