ylliX - Online Advertising Network

အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ ၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄  ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများ အတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ငန်းများ  လုပ်ဆောင်ခဲ့သည်။  ထိုသို့ လုပ်ဆောင်နေမှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများသည်  လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။  […]

ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင် အမျိုးသမီးနှင့် ဝန်ထမ်း ၁ဦးကို PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ်

ညောင်ဦး၊ ဒီဇင်ဘာ ၈ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင်ဖြစ်သူ ဒေါ်ရီရီမြင့်နှင့် ဝန်ထမ်းအမျိုးသမီး ၁ဦး ကို ၈-၁၂-၂၀၂၄ ရက်နေ့ ၀၉:၄၅ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။ ဒေါ်ရီရီမြင့်နှင့် အဖော်ဖြစ်သူ ဒေါ်ချောစု စက်သုံးဆီအရောင်းဆိုင်တွင် ရှိနေစဉ်  PDF အကြမ်းဖက်သမား ၇ဦး စက်သုံးဆီဆိုင် တောင်ဘက်မှ ရောက်ရှိလာပြီး ဒေါ်ရီရီမြင့်နှင့်ဆိုင်အကူ ဒေါ်ချောစုတို့အား လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဒေါ်ရီရီမြင့်တွင် ဦးခေါင်းနောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဒေါ်ချောစုတွင် ဦး ခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ယာ-မေးရိုးဖောက်ဝင် ဒဏ် ရာ ၁ချက်တို့ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost […]

ရေစကြိုမြိုနယ် မြောက်ပြင်ကျေးရွာအနီး PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိ

ရေစကြို၊ ဒီဇင်ဘာ ၇ ရေစကြိုမြို့နယ်၊ မြောက်ပြင်ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ဒီဇင်ဘာလ ၆ ရက် နေ့လည် ၁၂  နာရီခန့်က မသင်္ကာသည့် ယာဉ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အတင်းမောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ အဆိုပါ မော်တော်ယာဉ်ပေါ်မှ  Glock ပစ္စတိုသေနတ် ၁ လက်၊  ကျည်အိမ် ၂ ခု၊ ကျည် ၆ တောင့်၊ Drop Bomb ၃၇ လုံး၊ Drone မော်တာ ၃ ခု၊ Drone ပြုလုပ်သည့် အလူမီနီယမ်ချောင်း ၃ ချောင်း၊ Drone ပန်ကာ ၁၀ ခု၊ အောက်ဆီဂျင်အိုး ၁ လုံး၊ ကား ၁ […]

နတ်မောက်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ၏ ခဲယမ်းများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၅ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုနယ်၊ (မိတ္တီလာ-နတ်မောက်လမ်း) ကျောက်ခွက်ကျေးရွာအနီး၌ PDF အကြမ်းဖက်အဖွဲ့ထံ သယ်ဆောင်လာသည့် AK-47 ကျည် ၃၀၀၀ကျော် နှင့် ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေးအဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်အား ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး အကြမ်းဖက်သမား လွတ်မြောက်သွားခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့ သတင်းအရ သိရသည်။ Source link

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုများရှင် ရန်အောင် ၏ နေအိမ်ရှေ့တွင် PDF အကြမ်းဖက်သမားများ က ဖောက်ခွဲမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်မြို့ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်မီဆုများရှင် ရန်အောင်၏ နေအိမ်ရှေ့ ယနေ့ (၁၂ ၄၅) အချိန်ခန့်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။ NLD အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားခြင်း မရှိသည့် အနုပညာရှင်များကို အကြမ်းဖက်သမားများက ခြိမ်းခြောက်မှုအမျိုးမျိုး လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်လှုပ်ရှားမှုထဲတွင် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော် ဒါရိုက်တာ ပေါက်ကြီး၊ မင်းမော်ကွန်း၊ ချစ်သုဝေ၊ လင်းလင်း တို့ကဲ့သို့သော အနုပညာရှင်များ ရှိနေပြီး ၎င်းတို့နှင့်အတူ အကြမ်းဖက်လှုံ့ဆော်မှုများတွင် ပါဝင်တော့ခြင်း မရှိသည့် အနုပညာရှင်များကို ခြိမ်းခြောက် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အကြမ်းဖက်လှုပ်ရှားမှုနှင့် ပတ်သက်၍ လေ့လာသူတစ်ဦးက “အနုပညာလောကထဲက […]