ylliX - Online Advertising Network

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်တတ်သိနားလည်အောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။ ထို့နောက် ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာ ဆရာကြီး ဆရာမကြီးများအနေဖြင့် ဘာသာရပ်တစ်ခုချင်းစီကို လွှဲပြောင်းတာဝန်ယူမည့်သူများအား အရည်အချင်းရှိသူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)စာသင်ခန်း၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC)သို့ သွားရောက်ကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ […]