(အမ်းမြို့) နံနက်ပိုင်း ၉ နာရီခွဲခန့်က AA သောင်းကျန်းသူများမှ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ကာကင်းများနှင့် အတွင်းနေရာများသို့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အကြိမ် ၂၀ ခန့် ပစ်ကူပေးဗုံးကြဲတိုက်ခိုက်ခြင်းဖြင့်လည်းကောင်း၊ အမြောက်/ဒုံး/ဒရုန်းများဖြင့် လည်းကောင်း အပြင်းအထန်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က မှတ်တမ်းရုံးအနီး ကာကင်းများအား AA သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့ရာ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အမ်းမြို့အနောက်ဘက်တွင် သောင်းကျန်းသူတိုက်စစ်နောက်ပိုင်း နေရာများအား ရှင်းလင်းတိုက်ခိုက်ပြီး တိုင်းရုံးသို့စစ်ကူပေးနိုင်ရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအထဲမှ တစ်ဖွဲ့မှာ […]
(အမ်းမြို့)မှတ်တမ်းရုံးကာကင်းနေရာအနီးမှ အထိအခိုက်သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသည့် AA သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းခဲ့ရာ နံနက် ၁၁ နာရီခန့်မှ ယနေ့ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိပြီး တပ်စစ်ကြောင်းမှ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ တိုင်းရုံးအနောက်ဘက် မီတာ (၁၀၀၀)ကျော်အကွာ စနခ(၃၄၅)နှင့် အမြောက်တပ်အရှေ့ဘက် ဆင်တိုးရွာနှင့် ရွာအနီးစိုးမိုးကုန်းများတွင် ဖြန့်ခွဲလုံခြုံရေးယူနေသည့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအား သောင်းကျန်းသူများမှ နေ့လည် ၂ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်း/လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့သောကြောင့် (၁) နာရီခန့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား […]
(အမ်းမြို့) အမ်းမြို့အနောက်တောင်ဘက် မီတာ ၅၁၀၀ ခန့်အကွာရှိ ဆက်သွယ်ရေးတပ်နှင့် တိုင်းရုံးအနောက်ဘက် မီတာ (၁၀၀၀)ကျော်အကွာရှိ ဆင်တိုးရွာနှင့် ရွာအနီးစိုးမိုးကုန်းများတွင် ဖြန့်ခွဲလုံခြံရေးယူနေသည့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲ၍ နံနက်ပိုင်း ၁၀ နာရီခန့်က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်/ Drone/ လက်နက်ကြီး ပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများအား ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်က ဆောက်လုပ်ရေးတပ်ခွဲပတ်ချာလည်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲ၍ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်/ Drone/ […]
(အမ်း) နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းမှ နေ့လည် ၃ နာရီခန့်က ၃၇၁ တပ် မြောက်ဘက်တောက်ကုန်းတွင် ရောက်ရှိနေသည့် AA သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ နေ့လည် ၁၂ နာရီခန့်က အမ်းမြို့အနောက်တောင်ဘက် မီတာ (၅၂၀၀)ခန့်အကွာရှိ ဆက်သွယ်ရေးတပ် လုံခြုံရေး ကင်းနေရာအား အဝေးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် တပ်မတော်သားများမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ (၅)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ တပ်မတော်စစ်ကူစစ်ကြောင်းများမှ နယ်မြေခံထောက်ပို့တပ်အနောက်ဘက် ကာကင်းနေရာအတွင်း ရောက်ရှိနေသည့် သောင်းကျန်းသူများအား Drone ပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ တိုက်ခိုက်ရှင်းလင်းခဲ့ရာ ၁၂ နာရီခွဲအချိန်ခန့်တွင် […]