ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက နိုင်ငံခြားဧည့်သည်များအကြားရေပန်းစားသည့်နေရာများတွင် တာဝန်ချထားခြင်းဖြစ်သည်ဟုသိရသည်။ “ဒီအဖွဲ့တွေက သွေးပေါင်ချိန်တိုင်းတာ၊ သွေးတွင်းသကြားဓာတ်စစ်ဆေးတာလိုမျိုး အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတွေကို ပေါင်းစပ်ထားတဲ့အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေပါဝင်လို့ ခရီးဆက်သွားတဲ့အခါ အများပြည်သူတွေ စိတ်အေးလက်အေးနဲ့ လုံခြုံမှုရှိစေမှာပါ” ဟုလည်း ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။ ဆေးခန်းတိုင်းတွင် လူနာသယ်ယူပို့ဆောင်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် နှစ်ဘီးတပ်လူနာတင်လှည်းများအပါအဝင် ဆေးဝါးကုသရေးကိရိယာများလည်းတပ်ဆင်ထားသည်ဟုသိရသည်။ ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်များတွင် အင်ဒိုနီးရှားနိုင်ငံသား သန်း ၁၁၀ ခန့်သည် ခရီးသွားကြလိမ့်မည်ဟုလည်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ Source : ရှင်းဟွာ Source link
ယနေ့ ဒီဇင်ဘာ (၉)ရက် ည(၇)နာရီအချိန်၌ AFF Mitsubishi Electric Cup 2024ပြိုင်ပွဲကို အင်ဒို-မြန်မာ ယှဥ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းက တစ်ဂိုးသွင်းယူ၍အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ယနေ့ပွဲစဉ်အတွင်း ပထမပိုင်း ပွဲချိန်အပြီး နှစ်ဘက်အသင်းဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် အင်ဒိုက တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ကစားသမားပွဲထွက်စာရင်းတွင် ဟိန်းဖြိုးဝင်း ၊ သက်ဟိန်းစိုး၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သီဟဇော်၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်း၊ ဇင်ညီညီအောင်တို့ ကစားခဲ့ကြသည်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် အင်ဒိုနီရှားအသင်း အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေသည့်ဥရောပအခြေစိုက် ကစားသမားတချို့ပါဝင်လာပြီး၊ ယင်းအနက် အင်ဒိုနီးရှားလက်ရွေးစင်အသင်းကြီးရှိ ဝါရင့် ကစားသမား (၇) ဦးအထိပါဝင်နေသည်။ ပြိုင်ပွဲအတွင်းထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ […]
ဂျကာတာ၊နိုဝင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံ၌ လောင်းကစားလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဆက်နွယ်နေသည့် ဘဏ်အကောင့် ၇,၅၀၀ ခန့်ကို ပိတ်ဆို့လိုက်ကြောင်း နိုင်ငံ၏ဗဟိုဘဏ်အကြီးတန်းအရာရှိတစ်ဦးကသတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားဗဟိုဘဏ်အနေဖြင့် ဘဏ်အကောင့်များအား တရားမဝင် အွန်လိုင်းလောင်းကစားများအပါအဝင် အခြားအလွဲသုံးစားလုပ်အသုံးပြုခြင်းမှကာကွယ်နိုင်ရန်အတွက် တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့သည်။ အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သောအင်ဒိုနီးရှားသည် နိုင်ငံတစ်ဝန်းတွင် လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်သည်ဟု သံသယရှိသော ငွေလွှဲမှုများလာသောကြောင့် အွန်လိုင်းလောင်းကစားကိုတိုက်ဖျက်မည့်စီမံချက်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ဟုလည်းဆိုခဲ့သည်။ အင်ဒို၌ လောင်းကစားကို အွန်လိုင်းနှင့်မြေပြင်နှစ်ခုလုံးတွင် တရားဝင်လုပ်ခွင့်ပေးထားခြင်းမျိုးမရှိသလို ပါဝင်ကစားသူနှင့် လောင်းကစားပွဲစီစဉ်သူများကို အများဆုံးထောင်ဒဏ် ၁၀ နှစ်နှင့် အင်ဒိုနီးရှားရူပီး ၂၅ သန်း (အမေရိကန်ဒေါ်လာ ၁,၅၇၅ ခန့်) ဒဏ်ငွေချမှတ်နိုင်သည်ဟုလည်းသိရသည်။ ပြီးခဲ့သည့်စနေနေ့ကလည်း ဂျကာတာရဲတပ်ဖွဲ့သည် အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့သေးသည်။ Source : ရှင်းဟွာ Source […]