ကုလသမဂ္ဂ/ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဇန်နဝါရီ ၂၀ ရက် တာဝန်ထမ်းဆောင်သည့်နေ့တွင် ရေးထိုးခဲ့သော အမိန့်ကြေညာချက်များစွာနှင့်အတူ နယူးယောက်အရှေ့ဘက်မြစ်ကမ်းရှိ ကုလသမဂ္ဂရုံးချုပ်မှသည် ဆွစ်ဇာလန်၊ ဂျီနီဗာ ရေကန်နံဘေးရှိ နိုင်ငံပေါင်းစုံ နန်းတော် (Palace of Nations) အထိ ကုလသမဂ္ဂ အရာရှိများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသည့် “ခန့်မှန်းချက်များ” က နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။ ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်သည့် ၈၀ ပြည့်နှစ် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ 《ပဲရစ်သဘောတူညီချက်》မှ အမေရိကန် နုတ်ထွက်သည့် ထရမ့်၏ နောက်ထပ်တစ်ကြိမ်ကြေညာချက်အပေါ် ကုလသမဂ္ဂအတွင်း ယခင်ကတည်းက စိုးရိမ်မှုများရှိကြသလို “ထရမ့် ၂.၀” ရိုက်ခတ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အစောကြီးကတည်းကပင် စတင်ပြင်ဆင်ခဲ့ကြသည်။ “နိုင်ငံစုံ […]