ylliX - Online Advertising Network

ဂါဇာမြောက်ပိုင်းဆေးရုံ အစ္စရေးတပ် တိုက်ခိုက်

အစ္စရေး စစ်တပ်ကတော့ ဒီဆေးရုံနားမှာ ရှိနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီဆေးရုံဟာ အကြမ်းဖက်အဖွဲ့တွေ အဓိက အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာ ဖြစ်လာပြီး အဲဒီမှာ အကြမ်းဖက် လှုပ်ရှား သူတွေ ဆက်လက်ပုန်းခို နေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၂၃ အောက်တိုဘာ အစ္စရေး- ဟားမတ်စ် စစ်ပွဲ စတင်ချိန်ကစပြီး ဟားမတ်စ် တွေဟာ အစ္စရေးတပ်တွေကို တိုက်ခိုက်ရာမှာ ဆေးရုံတွေကို ဟားမတ်စ်ကွပ်ကဲရေး စခန်းတွေ အဖြစ် အသုံးချနေတယ်လို့ အစ္စရေးစစ်တပ်က မကြာခဏ စွပ်စွဲလေ့ရှိ ပါတယ်။ ဟားမတ်စ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ အစ္စရေးစစ်တပ် ကတော့ အသေးစိတ် အချက်လက်တွေ ထည့် မပြောပဲ၊ သူတို့ဟာ […]

ဆီးရီးယား၏ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ် ၉၀ ရာခိုင်နှုန်းကျော်အား ဖျက်ဆီးနိုင်ခဲ့ဟု အစ္စရေး ပြောကြား

အစ္စရေးအနေဖြင့် ဆီးရီးယား၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အကြီးအကျယ် ဖျက်ဆီးနိုင်ခဲ့ကာ ထောက်လှမ်းသိရှိရသော မဟာဗျူဟာမြောက် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များ၏ ၉၀ ရာခိုင်နှုန်းကျော်အား ဖျက်ဆီးနိုင်ခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zx2 ………………………………………………………………………..(English Version)Israel says destroyed over 90 pct of Syria’s surface-to-air missile systemsThe Israel Defense Forces announced on Thursday that it has “severely damaged” Syria’s air defenses, destroying over 90 percent of identified […]

ဆီးရီးယား ရှေ့ရေး နှင့် ရိုက်ခတ်နိုင်ခြေ

ဆီးရီးယားအာဏာရှင် Bashar al-Asad ထွက်ပြေးသွားပြီးနောက် လစ်လပ်သွားတဲ့ ဆီးရီးယားပြည်တွင်း အင်အားဟာကွက်ကို ဘယ်လိုဖြည့်ပြီး၊ အရှေ့အလယ်ပိုင်း‌ဒေသတွင်း အင်အားချိန်ခွင်ရှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။ Source link

အီရန်ကို အစ္စရေး လက်တုံ့ပြန် တိုက်ခိုက်

အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်းက ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ ဖေါ်ပြထားပါတယ်။ အစ္စရေး ကာကွယ်ရေးဌာနက သူတို့ဟာ အီရန်က စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ လူမှုမီဒီယာ X မှာ တင်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ အီရန်က အာဏာရှင်နဲ့ ဒေသတွင်းက သူ့အပေါင်းအပါတွေဟာ အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးကို မနားတမ်း တိုက်ခိုက်နေတာ ဖြစ်ပြီး၊ အီရန်ကနေ တိုက်ရိုက် ပစ်ခတ်တာအပါအဝင် နေရာ ၇ နေရာကနေ တိုက်ခိုက်နေကြောင်း၊ အစ္စရေးဟာ ကမ္ဘာတလွှား အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းရဲ့ ရပိုင်ခွင့်နဲ့ တုံ့ပြန်ရမယ့် […]