ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့် ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဗြိတိန လက်ဝှေ့သမား တိုင်ဆန်ဖျူရီတို့၏ မကျေပွဲကို ဆော်ဒီအာရေဗျနိုင်ငံတွင် ဒီဇင်ဘာ (၂၁)ရက်(ယနေ့) ထိုးသတ်မည်ဖြစ်သည်။ ယင်းမကျေပွဲကို ပထမ ပွဲထိုးသတ်ခဲ့သည့် ရီယာ့ဒ်မြို့ရှိ၊ Kingdom Arena တွင်ပင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။(၁၂)ချီထိုးသတ်မည့် ယင်းမကျေပွဲသည် မြန်မာစံတော်ချိန် ဒီဇင်ဘာလ(၂၂)ရက် နံနက်(၄)နာရီခွဲတွင်မှ အစောဆုံးစတင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယခုနှစ် မေလ(၁၈)ရက်က ထိုးသတ်ခဲ့သော ပထမပွဲတွင် အူဆိုက်က အမှတ်ဖြင့်နိုင်ကာ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့၏ ပထမဆုံး ခါးပတ်လေးခုပိုင်ဆိုင်သည့် အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်လာခဲ့သည်။ ယင်းပွဲတွင် ဒိုင်လူကြီးနှစ်ဦးက အူဆိုက်ကို ၁၁၅- ၁၁၂၊ ၁၁၄-၁၁၃ […]