ylliX - Online Advertising Network

သောက နွံ ကျွံဝင်

လူရယ်လို့ ဖြစ်လာပြီဆိုရင် ပူဆွေး သောက အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး ပူဆွေးသောကဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွဲပြားကြပါတယ်။ တစ်စုံတစ်ခုကြောင့် သို့မဟုတ် တစ်စုံတစ်ယောက်ကြောင့် ပူဆွေးသောက ရောက်ရတယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက်ပါမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဒီတစ်ခေါက်တော့ ပူဆွေးသောက ဖြစ်ရခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။ (၁) ကိုယ်ကြိုက်နှစ်သက်တာတွေကို လိုက်လုပ်ကြည့်ပါ Photo : SilverKris ပူဆွေး သောက ရောက်နေတဲ့အချိန်မှာ ချက်ချင်းကြီး သက်သာပျောက်ကင်းအောင် လုပ်လို့မရနိုင်ပါဘူး။ သင် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ သင်ခံစားနေရတဲ့ ဝမ်းနည်းခြင်းဖြစ်စဉ်ဟာ သင့်ရဲ့မသိစိတ်ထဲမှာ ရှိနေမှာပါ။ တစ်ခါတစ်ရံ သင်ကိုယ်တိုင် သိသိသာသာမခံစားရဘဲလည်း နေတတ်ပါတယ်။ ဝမ်းနည်းပူဆွေးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တာကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ […]

ပွင့်လင်းရာသီ ခရီး သွားကြမယ်

ပွင့်လင်းရာသီ ရောက်တာနဲ့ လူတော်တော်များများ အရင်ဆုံးစဉ်းစားမိတာ ခရီး ထွက်ဖို့ပါ။ ခရီးထွက်ခြင်းဟာ စိတ်ကို အပန်းပြေစေရုံသာ မကပါဘူး။ မတူညီတဲ့ ပတ်ဝန်းကျင်အသစ် ၊ ယဉ်ကျေးမှုအသစ်တွေကို လေ့လာရင်း သဘာဝတရားရဲ့ အလှတရားတွေကိုလည်း ခံစားနိုင်စေပါတယ်။ ဒီတစ်ခေါက်တော့ ပွင့်လင်းရာသီ အားလပ်ရပ်မှာ ခရီးထွက်ဖို့အတွက် အကောင်းဆုံး နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Bacalar Photo : Our Little Voyages ကမ်းခြေချစ်သူတွေအတွက် အသစ်အဆန်းဖြစ်စေမယ့် နေရာတစ်ခုကတော့ ပင်လယ်မဟုတ်တဲ့ ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ မက္ကစီကိုမှာရှိပြီး ကာရေဘီယန်ကနေ၂ဝ ကီလိုမီတာလောက်မှာရှိတဲ့ ပင်လယ်ထုံးအိုင်ကြီးပဲ ဖြစ်ပါတယ်။ ရေအိုင်ကြီးဆိုပေမယ့် Maldives ရောက်နေသလို ခံစားရမယ့်အပြင် ကမ်းခြေတစ်ခုအလားပါပဲ။ အထူးခြားဆုံးအချက်ကတော့ ရေရဲ့ကာလာဟာ စိမ်းပြာရောင်နဲ့ အပြာရင့်ရင့် နှစ်ရောက်ကွဲပြီးပေါင်းစပ်နေခြင်း ဖြစ်ပါတယ်။ […]

မလွယ်တဲ့ ဂိမ်း အရသာ

ဂိမ်း ဆိုရင် လွယ်တာ မဆော့ချင်ဘူး။ Challenge ဖြစ်ဖြစ် ၊ ခက်ခက်ခဲခဲမှ ကစားရတာ ဖီးလ်ရှိပါတယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အခက်အခဲဆုံး မိုလ်ဘိုင်းဂိမ်းတွေကို ပြောပြပေးပါမယ်။ (၁) Getting Over It     Source : Noodlecake ဒီဂိမ်းက တကယ်စိတ်ရှည်နိုင်တဲ့ သူတွေမှ ဆော့လို့ အဆင်ပြေပါမယ်။ ရိုးရိုးတောင်တက် ဂိမ်းမဟုတ်တဲ့ Physics-Based တောက်တက်ဂိမ်းတစ်ခု ဖြစ်ပြီး ကစားသူတွေအနေနဲ့ တစ်နေရာကနေ တစ်နေရာ ရွေ့လျားဖို့ တူကို လွှဲပြီး တက်ရမှာ ဖြစ်ပါတယ်။ ပြုတ်ကျလိုက် ၊ ပြန်တက်လိုက်နဲ့ တကယ့်ကို စိတ်ကင်ဆာပေးမယ့် ဂိမ်းတစ်ခုလို့ ပြောရမှာဖြစ်ပြီး စိတ်မရှည်ရင်တော့ လုံးဝမဆော့ဖို့ အကြံပေးချင်ပါတယ်။ (၂) Dead Cells […]

LDRS အချစ်ရေး ရေရှည်မြဲ

LDRS အချစ်ရေး တစ်ခုဟာ တကယ်တော့ မလွယ်ကူလှပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတွေ ၊ နားလည်မှုတွေ နဲ့ သစ္စာရှိစွာတည်ဆောက်ရတဲ့ အချစ်ရေးတစ်ခုဖြစ်တာကြောင့် သာမာန် Relationship တွေထက်ကို ပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် အဝေးရောက်ချစ်သူတွေအနေနဲ့ အနေဝေးပေမယ့် သွေးအေးသွားတယ် မဖြစ်ရလေအောင် အခုပြောပြမယ့်အချက်လေးတွေ လိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။ (၁) ရိုးသားပွင့်လင်းမှုရှိပါ Photo : Medium ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ အနေဝေးနေတဲ့အတွက် သံသရာဆိုတာ များစွာဝင်လာနိုင်ပါတယ်။ မျက်စိရှေ့မှာတောင် အဖြစ်အပျက်မျိုးစုံနဲ့ ကွဲကွာသွားတဲ့ Relationship တွေ မနည်းမနောရှိတာကြောင့် အနေဝေးနေတဲ့သူတွေအတွက် ပိုပြီးစိတ်မချစရာတွေများပါတယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းရှိပါ။ သံသယစိတ် လုံးဝအဖြစ် မခံပါနဲ့။ ယုံကြည်မှုကို သူများတွေထက်ပိုပြီး နှစ်ဆတည်ဆောက်ပါ။ (၂) အချိန်တစ်ခု […]

vivo S20 Pro Specs ပေါက်ကြား

ဒီလထဲမှာ မိတ်ဆက်သွားတော့မယ် vivo ရဲ့ S20 နဲ့ S20 Pro စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ သတင်းတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက S20 ရဲ့ Specs တွေ ပေါက်ကြားလာခဲ့သလို ယခုအခါ S20 Pro ရဲ့ Specs တွေ ထပ်မံပေါက်ကြား လာခဲ့ပါတယ်။ Photo : GSMArena.com Digital Chat Station ရဲ့အဆိုအရ S20 Pro မှာ ၆.၆၇ လက်မ 1260×2800 LTPS OLED ကွေးညွှတ် မျက်နှာပြင် တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 50 MP ဆယ်လ်ဖီကင်မရာ ပါဝင်ပါတယ်။ ကျောဘက်မှာတော့ Sony ရဲ့ […]