ylliX - Online Advertising Network

ထိပ်သီးအစည်းအဝေးတွေ မြန်မာစစ်ခေါင်းဆောင်တွေ တက်ခွင့် မပေးဖို့ အာဆီယံ ဆက်ဆုံးဖြတ်

မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဘဲ ဆက်လက် တားမြစ်ဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီနေ့ ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ဒီနှစ်ထဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီတင်းပတ်ကုန် သီးသန့် အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိတဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။ တချိန်တည်းမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မယ့်အစား အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ ဦးစားပေးသင့်တယ်လို့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှား […]

မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေ သည့်အတွက် ၎င်းတို့ကို တိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၁၉  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သော (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Ministers’ Meeting – 5th ADGMIN and Related Meetings with Dialogue Partners) သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းဖြင့် ပြန်လည်ရောက်ရှိသည်။ (၅) ကြိမ်မြောက် […]

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။အာဏာသိမ်းပြီး လေးနှစ်နီးပါးလောက်မှာ မြန်မာနိုင်ငံမှာ အခြေအနေက ဆိုးရွားနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ကျွန်တော်တို့ရဲ့ အဓိက အလေးထားမှုကတော့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တိုးတက်မှုပါပဲလို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးကဆိုပါတယ်။ မြန်မာစစ်အာဏာပိုင်တွေက လေးစားလိုက်နာရမယ့် အချက်ငါးချက် သဘောတူညီမှုကို ကျွန်ုပ်တို့ ထပ်မံအတည်ပြုခဲ့ပါတယ်။ အထူးသဖြင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ရမယ်။ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ငြိမ်းချမ်းရေးကို အချိန်ကြာကြာထိန်းထားနိုင်ရန် အဖြေတစ်ခုရရှိဖို့ မြန်မာနိုင်ငံရဲ့ အဓိကပါဝင်ပတ်သက်သူတွေကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ် လို့ သူကဆိုပါတယ်။ ဆက်လက်ပြီး […]

အာဆီယံ ကော်မတီ ဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား စင်ကာပူသံအမတ်ကြီးမှ ဆက်လက်တာဝန်ယူမည်

အာဆီယံကော်မတီဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးမှ စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ််သည့် အခမ်းအနားမှ သိရသည်။ ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez က အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနား ဒီဇင်ဘာ (၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားနှင့်အတူ နှစ်သစ်ကူးအကြို ဧည့်ခံပွဲကို ဖိလစ်ပိုင်သံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေ စိုက် […]

အာဆီယံ ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲ (ASEAN Gala Night) သို့ မြန်မာသံရုံး၊ စင်ကာပူမြို့မှ ပါဝင်တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)

(၁၂-၁၂-၂၀၂၄ ရက်၊ စင်ကာပူ) စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ ၂၀၂၄ ခုနှစ် အာဆီယံဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲ (ASEAN Gala Night 2024) အား စင်ကာပူမြို့ လာအိုနိုင်ငံသံရုံးကကြီးမှူး၍ ၁၀-၁၂-၂၀၂၄ ရက်တွင် စင်ကာပူမြို့ Orchard Hotel ၌ကျင်းပခဲ့ရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ ASEAN Gala Night 2024 အခမ်းအနားသို့ စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Mr. Albert Chua နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ စင်ကာပူမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးအပါအဝင် အာဆီယံသံရုံးများမှ သက်ဆိုင်ရာနိုင်ငံ များ၏ ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ […]

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု နည်းပြချုပ်ဦးဌေးမြင့်ဆို

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်ကပြောသည်။ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖီလစ်ပိုင်နိုင်ငံရှိ ပြိုင်ပွဲဝင်အသင်းများတည်းခိုသော Marcopolo Hotel ၌ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ “အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဟာ အတွေ့အကြုံကောင်းတွေရရှိစေမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ပွဲတိုင်းခက်ခဲမှာပါ။ ဒီပြိုင်ပွဲမတိုင်ခင် ထိုင်းမှာလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲကစားခဲ့ပါတယ်။ ဒါ့ကြောင့် ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု နည်းပြချုပ်ဦးဌေးမြင့်ကပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းခေါင်းဆောင် ဖူးပွင့်ခိုင်ကမှလည်း ” ဒီပြိုင်ပွဲဝင်ရောက်ကစားခွင့်ရလို့ကျေနပ်မိပါတယ်။ ဒီပြိုင်ပွဲဟာ လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံက […]

တရုတ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှု အာဆီယံ ကန့်ကွက်တယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တရုတ်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှု အာဆီယံကန့်ကွက်။ တရုတ်ရဲ့ လုပ်ရပ် အာဏာရှင်ဆန်နေဟု အာဆီယံ ထုတ်ပြန်။ မင်းအောင်လှိုင်ကို အကြမ်းဖက်ဟု ကြေညာရန်လုပ်နေ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် တရုတ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှု အာဆီယံ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က […]

အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင် စတင်တာဝန်ထမ်းဆောင်ကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခြင်း အခမ်းအနား ပြုလုပ်ခဲ့(၁-၁၁-၂၀၂၄ ရက်)

(၁-၁၁-၂၀၂၄၊ ဂျကာတာ) အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်က ၁-၁၁-၂၀၂၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၁-၁၁-၂၀၂၄ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်မ်ဟွန်က သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်က လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (၃) နှစ်တာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။ Source link