ylliX - Online Advertising Network

၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက် ရှိသည်ဟု SAF ထုတ်ပြန်

RNA_ဇန်နဝါရီ(၁)၊၂၀၂၅ခုနှစ်။ ၂၀၂၅ ခုနှစ်သည် တောင်တန်းဒေသမှ မြေပြန်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်နှုန်ကူးလာရမည့် နှစ်တစ်နှစ်ဖြစ်ပြီး၊ မြန်မာပြည် အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် -SAF ကထုတ်ပြန်ထားသည်။ ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့မှုများအပါအဝင် လေးနှစ်တာ ကာလအတွင်း လူမျိုးစုလူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ထံမှ သင်ယူဆည်းပူး အတွေ့အကြုံရယူခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာ အတွေ့အကြုံများကို မြန်မာပြည် အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။ ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီး အညာလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက်ပါဝင်နေကြောင်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် ပန်းတိုင်ကို လျှောက်လှမ်းနေသည့်အတွက် ပန်းတိုင်ကိုရောက်မည်ဟု ယုံ​ကြည်ကြောင်း စသဖြင့် ရဲဘော်လွင်ဂူးက ပြော​ပြထားသည်။ Red News Agency Source link

ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ အမှတ် (၈) စစ်ကြောင်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တို့အကြား စစ်ရေးနိုင်ငံရေးဆွေးနွေးမှုများကို ၆လကြာသည်အထိ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ပေါ်ပေါက်ခဲ့သော်လည်း ယခုအချိန် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ပါဝင် ပူးပေါင်းလာသည့်အတွက် တပ်ဖွဲ့သုံးဖွဲ့ဖြစ်သွားပြီဟု အမှတ် (၈) စစ်ကြောင်းက ထုတ်ပြန်ထားသည်။ အမှတ် (၈) စစ်ကြောင်း၏ အခြေခံမူဝါဒများမှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ […]

အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။ “BPLA နဲ့ဆိုရင်လည်း ကျွန်တော်တို့ မဟာမိတ်ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့ မကြာခင်မှာ BPLA နဲ့ ကျွန်တော်တို့ ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှု စစ်ရေးအရ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါလိမ့်မယ်” ဟု […]

အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။ အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။ #RedNewsAgency Source link

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။   ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]