ကရင်ပြည်နယ် ကျက်သရေဆောင်ဆံတော်ရှင်ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲကို (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအား ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင်စေရန်၊ သဘာဝတောတောင်ရေမြေထိန်းသိမ်းရေးကို သိရှိနိုင်ရန်၊ ခြေလျင်တောင်တက်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေရန်၊ ယင်း အားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများနှင့် တစ်မျိုးသားလုံးပိုမိုကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် အသက်(၄၀)နှစ်အောက် အမျိုးသား (၅၇၅)ဦး၊ အမျိုးသမီး(၅၅၀)ဦး၊ အသက်(၄၀)နှစ် အထက် အမျိုးသား(၁၅၀)ဦး၊ အမျိုးသမီး(၈၉) ဦး(စုစုပေါင်း ၁၃၆၄ ဦး)တို့က စတင်တာလွှတ်သည့် ဇွဲကပင်တောင်ခြေအရှေ့ခြမ်း သစ်ခြကျေးရွာတံတားဖြူမှစတင်၍ အမြင့်ပေ(၂၇၀၀)ကျော်ရှိ မက်စောက်မြင့်မားသော ဇွဲကပင်တောင်အားဖြတ်ကျော်ပြိုင်ပွဲဝင်ပြီး ဇွဲကပင်တောင်ခြေအနောက်ခြမ်း တော်ပုံကျေးရွာရှိ […]