ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကုတင် ၃၀၀ စစ်ဆေးရုံကို AA သိမ်းလိုက်တာကြောင့် ဒဏ်ရာရ စစ်သားတွေကုသဖို့ ယာယီဆေးရုံလုပ်ထားတဲ့ အထက ၂ ကျောင်း ကိုလည်း ထပ်မံသိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ကာကင်းစခန်း ၂ခုကိုပါ AA က သိမ်းပိုက်ထားပြီလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။အမ်းမြို့နယ်ရှိ ခုတင် ၃၀၀ ဆံ့စစ်ဆေးရုံ အသိမ်းခံရပြီးနောက် အထက ၂ ကျောင်းဝန်းအတွင်း ယာယီတပ်ဆေးရုံပြုလုပ်ကာ ခံစစ်ပြင်ထားတဲ့ ဆေးရုံကိုလည်း နိုဝင်ဘာ ၃၀ရက်နေ့က AA က သိမ်းယူခဲ့ပြီး စစ်ဆရာဝန်တွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။ဒါ့အပြင် နပခရဲ့ ကာကင်းတွေဖြစ်တဲ့ မြို့သစ် ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်း၊ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း၊ လေယာဉ်ကွင်း (မြို့ဟောင်း) စခန်းတို့ကို နိုဝင်ဘာ ၂၉ရက်နေ့က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။အဲ့ဒီတပ်တွေဟာ အမ်းမြို့ပေါ်ရှိ […]