ylliX - Online Advertising Network

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်. အထ.က(၂) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ ဘင်ခရာအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်

  လိူင်သာယာ၊ ဒီဇင်ဘာ ၁၈  ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ်(၁၂)ရပ်ကွက်၊ မန္တလေးလမ်းမရှိ အထက(၂)ကျောင်းရှိ ကျောင်းသား/သူ(ဘင်ခရာ)အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို နေ့လည် (၁ ၀၀) နာရီအချိန်တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး၊ မြိုနယ်ပညာရေးမှူး၊ လှိုင်သာယာ(အရှေ့ပိုင်း)စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အရှေ့ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမူးတို့ လာရောက်ကြည့်ရူ့အားပေးခဲ့ပြီး အလူငွေများပေးအပ်ပြီး  ကျောင်းအုပ်ဆရာကြီးဦးမြင့်အောင်ထွန်းနှင့် ဆရာ/မများမှ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ အုပ်ချုပ်ရေးမှူးနှင့် ရာ/ဆယ်မှုးများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နေ့လည်(၁ ၃၀)အချိန်ပြီးဆုံးခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၇ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ မြို့နယ်စုပေါင်းရုံးအိမ်ရာ အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်စုရပ်အဖြစ်သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကို ယနေ့ ၇-၁၂-၂၀၂၄ရက်နေ့(၀၅၀၀)အချိန်မှစ၍စတင်ကျင်းပခဲ့သည်။ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှုးသိန်းဇော်၊လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး တင်အောင်ဖြိုး၊ အဖွဲ့ဝင်(၂)ဦးကျော်သူဝင်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှုးဦးသိန်းလွင်၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးလှိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၅၁၃)ဦးဖြင့် လမ်းလျှောက်ပွဲအား ကျင်းပခဲ့ကြသည်။ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့မှ ရုံးရှေ့လမ်းအတိုင်း နည်းပညာကျောင်းလမ်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ရာ(၀၆ ၀၀)အချိန်တွင် ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ Join – https://t.me/MyanmarNationalPost Source link