ylliX - Online Advertising Network

သမ္မတ Trump နဲ့ TikTok ရဲ့ အနာဂါတ် သက်တမ်း

TikTok အသုံးပြုမှု ပိတ်ပင်ရေး ဥပဒေကို ရက်ပေါင်း ၇၅ ရက် ဆိုင်းငံ့ပေးပြီး အမေရိကန်ဝယ်သူရှာဖို့အတွက် တကျော့ပြန် သမ္မတဖြစ်လာတဲ့ Donald Trump က သမ္မတ အမိန့်လက်မှတ်ရေးထိုးလိုက်တာကို အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုသူ သန်းပေါင်းများစွာက စောင့်ကြည့်နေကြပါတယ်။ ဒီအကြောင်း မခင်လေးက တင်ပြမှာပါ။​ Source link

ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံသော အနာဂါတ် နိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်း ကူညီဆောင်ရွက်သွားမည်ဟု လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည့်သူ့ရှေ့ဆောင်ပါတီ ဖော်ပြ

ဖက်ဒရယ် ဒီမိုကရေစီကို အခေခံသော တိုးတက်ခေတ်မီသည့် အနာဂါတ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည်သူ့ရှေ့ဆောင်ပါတီက အသိပေးဖော်ပြထားသည်။ ပြည်သူရှေ့ဆောင်ပါတီ၏ သဝဏ်လွှာတွင် မြန်မာပြည်သူများ၏လွတ်လပ်ရေးသည် ပြည်သူများ၏ လက်ဝယ်တွင် ရှိကြောင်းနှင့် လွတ်လပ်ရေးနှင့် ဆက်စပ်၍ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အနုပညာများ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကာ တိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ်သို့ အဆင့်ဆင့် တက်လှမ်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အမျိုးဂုဏ် ၊ ဇာတိဂုဏ် များကို ထိန်းသိမ်း၍ တိုးတက်အောင်ကြိုးစားရာတွင် တစ်ဉီးတစ်ယောက်တည်းဖြင့် မအောင်မြင်နိုင်ဘဲ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံမှ တက်ညီလက်ညီ စုစုစည်းစည်းဖြင့် ကြိုးစားမှသာ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း နှင့် သို့မှသာ […]

စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်

မြန်မာနွေဦးခရိုနီကယ် – ဒီဇင်ဘာ ၂၀ မြင်ကွင်း မိုးမခ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၄ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ် နှစ်ပေါင်းရာချီတဲ့ ပဒေသရာဇ်ခေတ်တွေက စပြီး မြန်မာဘုရင်တွေလက်အောက် ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အရှိန်ပြင်းထန်လာတဲ့ လက်နက်ကိုင် ခုခံတော်လှန်မှု၊ ပြည်မက မြန်မာစစ်တပ်ကို ၄င်းတို့ရဲ့ နယ်မြေဒေသတွေကနေ ထွက်ခွာသွားအောင် တိုက်ခိုက်မှုရေစီးမှာ ရခိုင်ပြည်နယ်ဟာလည်း တိုင်းရင်းသား ဒေသတခုအဖြစ် ပါဝင်လာပြီး ၂၀၂၄ ခု ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ထဲက တခုထည်းသော စစ်တိုင်းဌာနချုပ်ဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ Arakan Armyက သိမ်းယူနိုင်ခဲ့တဲ့အကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ရခိုင်ပြည်နယ် […]