ylliX - Online Advertising Network

နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းသည့် အနာဂတ်နှင့် ကောင်းမွန်သည့်ပစ္စုပ္ပန်တည်‌ဆောက်ရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါဟု နစက ဥက္ကဋ္ဌပြော

နစက အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုကြိုးစားတည်ဆောက်လျက်ရှိရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1)၌ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” စာပေပညာရှင်ကြီးတွေရဲ့အားက အလွန်အရေးပါသလို ကောင်းကျိုးများစွာရရှိနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ နိုင်ငံတော်အနေနဲ့ စာပေအနုပညာကဏ္ဍအသီးသီးက ပညာရှင်တွေရဲ့အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာဖန်တီးပုံဖော်နိုင်ရေးကို တတ်စွမ်းသမျှ အားပေးကူညီဖြည့်ဆည်းပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။ လက်ရှိအချိန်၌ စာပေပညာရှင်များနှင့် စာပေလောကအကျိုးကိုဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံအား အိန္ဒိယနိုင်ငံအစိုးရနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး စာပေ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရန် […]