မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါတယ်။ ဆိုးရွားတဲ့လမ်းကိုဖြတ်ကျော်လာပြီး စိုင်းပန် ရဲ့ မျက်စိတစ်စုံမှာ ကြီးမားသော တိုက်တွေမြင်လာရချိန်မှာပဲ ကားရဲ့ ဘီးကလည်း ကွန်ကရစ်လမ်းမပေါ် မောင်းနှင်းကာ သွားလိုတဲ့နေရာကို ဦးတည်နေပါတယ်။ အဲ့ဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်သာခြားပြီး မြစ်နဘေးမှာ ခန်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ကရင်ပြည် ရွှေကုက္ကိုလ်မြို့သစ်ပါ။ ရွှေကုက္ကိုလ်မြို့ဟာ ထိုင်းနယ်စပ်တွင် တည်ဆောက်ထားပေမယ့် ထိုင်းအငွေ့အသစ်မရဘဲ တရုတ်နိုင်ငံထဲက မြို့တစ်မြို့လို တရုတ်စာတွေ တရုတ်အငွေ့အသက်တွေနဲ့ပါပဲ။ “ မလာခင်ကတော့ လစာဆယ်သိန်းကျပ်ဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ပေါ့။ ဒီကို (ရွှေကုက္ကိုလ်)လည်းမြင်တော့ စိတ်တွေက အလိုလိုလေးလံလာတယ်။ တရုတ်ပြည်ကို ရောက်နေသလိုခံစားရတယ်။ ဘဝက ရွေးချယ်စရာမရှိတော့ ဒီလမ်းကိုရွေးရတာပေါ့” လို့ စိုင်းပန် တစ်ယောက် အတိတ်က အကြောင်းကို ပြန်ပြောပါနေပါတယ်၊ စိုင်းပန် […]