ylliX - Online Advertising Network

Myanmar National League 2024-25 Week-15 ပွဲစဉ် အိမ်ရှင် ရှမ်းယူနိုက်တက် (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိ

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက (၃)ဂိုး (၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ပွဲစဉ်အတွင်း ကျောနံပါတ် (၇) ကျော်ကိုကို နှင့် ကျောနံပါတ်(၁၂) Bakayoko တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း နောက်ခံကစားသမား သက်ဟိန်းစိုး က AYA Pay အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် Week(၁၄)ပွဲစဉ်အအပြီးတွင် ရမှတ် (၄၀)မှတ်ဖြင့် ရပ်တည်မှုအဆင့်(၁)၌ ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။ ၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်အညီ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအား […]

ခရိုအေးရှား သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် လက်ရှိသမ္မတ ဇိုရန် မီလန်နိုဗစ် အပြတ်အသတ် အနိုင်ရရှိ

ခရိုအေးရှားနိုင်ငံ၏ လက်ရှိသမ္မတ ဇိုရန် မီလန်နိုဗစ်သည် ဇန်နဝါရီ ၁၂ ရက်၌ ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ပြိုင်ဘက်ဖြစ်သူ ဒရာဂန် ပရီမိုရက်အား အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ခရိုအေးရှား နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် (SEC) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ဆန္ဒမဲအရေအတွက် ၉၉.၅၉ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် မီလန်နိုဗစ်မှာ မဲအရေအတွက် ၇၄.၆၇ ရာခိုင်နှုန်း ရရှိခဲ့ကာ ပရီမိုရက်မှာမူ မဲအရေအတွက် ၂၅.၃၃ ရာခိုင်နှုန်းသာ ရရှိခဲ့‌သည်ဟု SEC က ဆိုသည်။ခရိုအေးရှားနိုင်ငံတွင် တရားဝင်မဲပေးခွင့်ရှိသူ ၃.၇ သန်းကျော်ရှိကြောင်း၊ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် လာရောက်မဲပေးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၄၄.၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း SEC က ပြောကြားခဲ့သည်။ (Xinhua) …………………….(English Version)Zoran Milanovic secures […]