မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့မှာ စျေးပွဲတော် ကျင်းပနေချိန် ဗုံးပေါက်ကွဲလို့ လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ လူငယ်တွေကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူငယ်တွေအချင်းချင်း ရန်ငြှိုးရန်စနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော်မှာ လူထောင်ချီ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေတုန်း လူငယ် ၂ ဦးက ဗုံးဖေါက်ခဲွ တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ကုသမှု […]