ylliX - Online Advertising Network

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်အား နစက မှ အမိန့်အမှတ် ၅၆/၂၀၂၄ ဖြင့် ယနေ့ ဒီဇင်ဘာ ၁၈ ရက်က စတင်ဖွဲ့စည်းခဲ့သည်။ ယင်း ကော်မရှင်အား ဥက္ကဋ္ဌအဖြစ် နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောမှဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်း‌နောင်မှ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးများဖြစ်သည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့မှ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒု-ဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်တိုးရီ၊ ဦးမင်းထွဋ်၊ ဦးအေးကျော်၊ ဦးသန့်စင်၊ ဦးဝင်းဖေတို့မှ အဖွဲ့ဝင်များအဖြစ်ပါဝင်မည်ဖြစ်သည်။ ထို့အတူ အဖွဲ့ဝင်များတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်တင်စိုးနှင့် UMFCCI […]

ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်တာကို အီးယူ အဖွဲ့ဝင် ၂ နိုင်ငံက တားမြစ်လို့ ဆုံးဖြတ်ချက်မချနိုင်ခဲ့

၂၀၂၄၊ ဒီဇင်ဘာ ၇  ဥရောပသမဂ္ဂ ( အီးယူ) က ရုရှားနိုင်ငံကို ၁၅ ကြိမ်မြှောက် ပိတ်ဆို့မှု အသစ်တစ်ရပ် ချမှတ်ရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြိုတွင် အဖွဲ့ဝင်နိုင်ငံများ သောကြာနေ့က အစည်းအဝေးလုပ်ရာ အမည်မဖော်သော အဖွဲ့ဝင်၂ နိုင်ငံက မထောက်ခံခဲ့သဖြင့် ပိတ်ဆို့မှုအသစ်အဆို အထမမြောက်ခဲ့ကြောင်း သိရပါသည်။  ပိတ်ဆို့မှုအသစ်တွင် ရုရှားနိုင်ငံထုတ် ရေနံထွက်ပစ္စည်းများ ဖြစ်ရာ ဥရောပ နိုင်ငံအချို့မှာ အခြားရင်းမြစ်များမှ ရေနံထုတ်ပစ္စည်းများကို မရနိုင်သဖြင့် ရုရှားနိုင်ငံထုတ် ရေနံ ရင်းမြစ်များကိုသာသုံးစွဲနေရပါသည်။ ပြင်သစ် သတင်းဌာန ပေါ်လက်တီကိုတွင် ပိတ်ဆို့မှုအသစ်ကို မထောက်ခံသော နိုင်ငံများမှာ လက်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့ ဖြစ်ကြောင်းဖော်ပြထားသည်။  စလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ကလည်း ရုရှားမှာ ရေနံစိမ်းများဝယ်ယူပြီး ပြန်လည်သန့်စင်ကာ တိုင်ပြည် အတွက်လိုအပ်နေသော လောင်စာရင်းမြစ်ကို ဖန်တီးနေရသည်။ […]

BTS အဖွဲ့ဝင် Jungkook ပုံစံတူပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူ

နိုဝင်ဘာ ၂၄ ရက်နေ့က ရှီကာဂိုမြို့ရှိ Ping Tom Parkမှာ ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS အဖွဲ့ဝင် Jungkook ပုံစံတူပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အနိုင်ရရှိသူက အမေရိကန်ဒေါ်လာ ၂၀ နဲ့ ဆိုဂျူ ၁ ပုလင်းရရှိပါတယ်။ အနိုင်ရရှိတဲ့သူကတော့ သူ့ရဲ့follower တွေက Jungkook နဲ့တူတယ်လို့ ပြောခဲ့ကြတဲ့ Content Creator အန်ဒရူး အလက်ဇန္ဒားဆိုသူပါ။ သူဟာ Jungkook နဲ့တူဖို့အတွက် Jungkook ရဲ့လက်မှာထိုးထားတဲ့ တက်တူးအတိုင်း လိုက်ထိုးခဲ့ရပြီး နားပေါက်တွေလည်းဖောက်ခဲ့ရပါတယ်လို့ သိရပါတယ်။ အန်ဒရူးက အင်တာနက်အသုံးပြုသူတွေဆီက မှတ်ချက်အမျိုးမျိုးရခဲ့ပါတယ်။ တချို့က Jungkook နဲ့မတူဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ကို ချစ်စရာတော့ကောင်းပါတယ်တဲ့။ အင်တာနက်အသုံးပြုသူတစ်ဦးကဆိုရင် အမေရိကန်ဒေါ်လာ ၂၀ နဲ့ဆိုဂျူ ၁ […]