ylliX - Online Advertising Network

အမေရိကကကာကွယ်ရေးစရိတ်တိုးမြှင့်မည်–ပင်တဂွန်စစ်ဌာနချုပ်

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၂ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဟက်ဂ်ဆက်က ၎င်းအနေဖြင့် အမေရိက၏အ‌ထွေ‌ထွေကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်လိုကြောင်းနှင့် ကာကွယ်‌ရေးအသုံးစရိတ်သည် နိုင်ငံ့ဂျီဒီပီ ၏ ၃ ရာခိုင်နှုန်းအောက်သို့မကျဆင်းသင့်ကြောင်းပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကန်နိုင်ငံရဲ့စစ်အင်အားနဲ့စွမ်းဆောင်ရည်အတွက် သုံးသင့်သလောက်မသုံးခဲ့တဲ့ ဘိုင်ဒင်အစိုးရရဲ့ကာကွယ်ရေးအသုံးစရိတ်ထက် ကျွန်တော်တို့ကပိုပြီးများများသုံးဖို့လိုအပ်နေပါတယ်” ဟုလည်း၎င်းကဆိုသည်။ ဆက်လက်၍၎င်းက ကာကွယ်ရေးအသုံးစရိတ်အတွက် နိုင်ငံ့ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က နေတိုးအဖွဲ့ဝင်နိုင်ငံများအပေါ်တောင်းဆိုမှုကိုပါ ထပ်တလဲလဲထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် အထက်လွှတ်တော်က ၂၀၂၅ ဘဏ္ဍာနှစ်အတွက်ကန်ဒေါ်လာ ၈၉၅ ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေကိုအတည်ပြုခဲ့ပြီး အဆိုပါဥပဒေကြမ်း၌ အတည်ပြုခဲ့သည့် စစ်အသုံးစရိတ်သည် ယခင်နှစ်ကထက် ၁ ရာခိုင်နှုန်းတိုးလာသည်ဟုလည်းသိရသည်။ Source : ရှင်းဟွာ Source link