ပဲခူး၊ ဒီဇင်ဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၉) ရက်နေ့၊ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်သည့် စက်ရုံ/အလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် CMP စနစ်လုပ်ငန်းများ၊ တိရစ္ဆာန်အစာထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသွင်းအားစုထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ် ဓါတ်အားထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဆိုလာစစိုက်ပျိုးရေးသွင်းအားစုများ တွင်တွင်ကျယ်ကျယ် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ခွင့်ပြုပေးထားသည့် စက်ရုံ/အလုပ် ရုံများ သတ်မှတ်ကာအတွင်း လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးရန်လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ […]