(၁၂-၁၁-၂၀၂၄ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် UNICEF တို့အကြား လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ UNICEF ၏ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် အ မြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာ […]
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အမ်မာရီလိုမြို့မှာ မြန်မာ ဟိဒ္ဒူ အဖွဲ့အစည်းက ကျင်းပတဲ့ တော်လှန် ဒေပါဝလီဆုတောင်းပွဲကို အောက်တိုဘာ ၂၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တော်လှန်ဒေပါဝလီ ဆုတောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ကာ ဆုတောင်းအမှာစကားပြောကြားပြီး လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုများ၊ နိုင်ငံတာနဲ့ လုပ်ဆောင်နေမှုများ၊ လူ့အခွင့်အရေးအခြေအနေများကို အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ Continue Reading Source link