သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို ညစဉ်ဆက်ရက် ပေါ်တာလိုက်ဆွဲနေပြီးယခုသီတင်းပတ်အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ အလည်သွားသော အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။ အဲ့မှာဖုန်းစစ်တော့ ငွေလှူထားတာတွေ့တယ် ပြောတယ်။ စစဖမ်းမိတုန်းကတော့ အိမ်နဲ့ ဖုန်းခဏပေးပြောတယ်။ ဖမ်းမိပြီး ဘာညာပေါ့။ မကြာဘူး ဖုန်းသိမ်းသွားပြီး၊ အဆက်အသွယ်မရတော့တာ” ဟု ၎င်းကပြောသည်။ ထိုအမျိုးသမီးတစ်ဦးကို လက်ရှိတွင် ရွှေညောင်ရဲစခန်း၌ ဖမ်းဆီးထားပြီး ပြန်လည် လွှတ်ပေးလာခြင်း မရှိသေးကြောင်း သိရသည်။ အလားတူ ၂၀၂၄ ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီက လူငယ်များကို ပေါ်တာလိုက်ဆွဲရာ ကျောင်းကြီးစုရပ်ကွက်မှ […]
မောင်တောမြို့ ကြိမ်ချောင်းရွာနဲ့ တောင်ပြိုကြားမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ဈေးကားကို ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါအမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း အရက္ခတပ်တော် AA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ဒီဇင်ဘာ ၂၄ရက်နေ့ ညနေ ၄နာရီ ၄၀မိနစ်အချိန်မှာ မောင်တောမြို့၊ ကြိမ်ချောင်းကနေ တောင်ပြိုဘက်ကို ဈေးသွားဝယ်တဲ့ အရပ်ဘက် ခရီးသည်ကားတစ်စီးကို အင်အား (၂၅) ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါ စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။၎င်း ARSA တပ်ဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ရာက ခဲယမ်းအချို့နဲ့ အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံကိုလည်း AA က ထုတ်ပြန်ထားပါတယ်။ဒဏ်ရာရရှိသောသူတွေကို […]
ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်ကပြောသည်။ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖီလစ်ပိုင်နိုင်ငံရှိ ပြိုင်ပွဲဝင်အသင်းများတည်းခိုသော Marcopolo Hotel ၌ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ “အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဟာ အတွေ့အကြုံကောင်းတွေရရှိစေမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ပွဲတိုင်းခက်ခဲမှာပါ။ ဒီပြိုင်ပွဲမတိုင်ခင် ထိုင်းမှာလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲကစားခဲ့ပါတယ်။ ဒါ့ကြောင့် ရလဒ်ကောင်းရဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု နည်းပြချုပ်ဦးဌေးမြင့်ကပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းခေါင်းဆောင် ဖူးပွင့်ခိုင်ကမှလည်း ” ဒီပြိုင်ပွဲဝင်ရောက်ကစားခွင့်ရလို့ကျေနပ်မိပါတယ်။ ဒီပြိုင်ပွဲဟာ လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံက […]
မြန်မာအပြင် ကမ္ဘာမှာ သတ်မှတ်ကြတာက အိမ်ထောင်ဦးစီးဆိုရင် အမျိုးသားပါပဲ။ ဒါပေမဲ့ ဆန့်ကျင်ဘက် အိမ်ထောင်ဦးစီးအမျိုးသမီးတစ်ယောက်လည်း အညာမှာ ရှိနေပါတယ်။ သူကတော့ ဒေါ်လှလှမူပါ။ သူဟာ အသက် ၉၀ အရွယ် ဖခင် အို၊ လေဖြတ်ထားတဲ့ ယောကျ်ား၊ သမီးငယ်နှစ်ယောက်ကို ပြုစုလုပ်ကျွေးနေရသူပါ။ အားကိုးရမယ့် သားနှစ်ယောက်ကလည်း စစ်အာဏာရှင်တော်လှန်တဲ့ PDF ရဲဘော်တွေပါ။ ဒါကြောင့် သူတတ်တဲ့ လျှော်နဲ့ တောင်းယက်တာဟာ သူတို့မိသားစုရဲ့ အသက်ပါပဲ။ သူ လောကဓံကို ဘယ်လို ရုန်းကန်ကျော်ဖြတ်နေသလဲ ? သူ့ဒေသ၊ သူ့နိုင်ငံအတွက် သူဘာတွေ မျှော်လင့်ထားပါသလဲ ? Source link