မော်လမြိုင်၊ နိုဝင်ဘာ ၂၅ ၂ဝ၂၄ ခုနှစ်၊ (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆောင်ပုဒ်နှင့်အညီ (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက […]
ပင်းတယ ၊ နိုဝင်ဘာ ၂၄ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “မြတ်ရတနာ”ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။ ဦးစွာအခမ်းအနားကို အ-ထ-က (ပင်းတယ) ကျောင်းသူ၊ ကျောင်းသားများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းအောင်က ဖတ်ကြားသည်။ ထို့နောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့် အထက်တန်း၊ အလယ်တန်းအဆင့် […]
နိုဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသဝဏ်လွှာထဲမှာတော့ စစ်ရေးနိုင်ငံရေးတော်လှန်ရေးကာလအတွင်း ဒုက္ခအဝဝခံနေရတဲ့ မြန်မာပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရသည် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြစေ ကြောင်း ဆုတောင်းမေတ္တာပို့သတယ်လို့ ရေးသားထားပါတယ်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ပထမဆုံး သပိတ်တိုက်ပွဲဆင်နွဲသည့်နေ့ကို အမှတ်သညာပြုပြီး အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးသည့်တိုင်လည်း နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ကို ကျင်းပခြင်းဖြင့် တော်လှန်ရေးစိတ်ကိုနိုးကြားစေခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။ ယနေ့ခေတ်သည် စစ်အာဏာရှင်စနစ်ဆိုးကို တောင်တန်းမြေပြန့် တိုင်းရင်းသား ပေါင်းစုံနှင့် မြန်မာပြည်သူလူထု တရပ်လုံးက ရရာလက်နက်ဖြင့်တော်လှန်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် နွေဦး တော်လှန်ရေး ကြီးကို ဆင်နွဲနေသည့်ကာလဖြစ်ပါသည်။ ကိုလိုနီနှင့်ဖက်ဆစ်ဝါဒများကို အောင်မြင်ခဲ့သကဲ့သို့ ယခုလက်ရှိတော်လှန်ကြီးကိုလည်း တိုင်းရင်းသား၊ လူတန်းစားပေါင်းစုံ […]
ဒီကနေ့ ကျရောက်တဲ့ (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံဆိုင်ရာသံရုံးတချို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နိုင်ငံရေးအင်အားစုတွေက အမျိုးသားနေ့ကို ဂုဏ်ပြုကြ- ဖားကန့်အပါအဝင် ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြပါတယ်။ Source link
မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြောင်း အသိပညာပေး Talk Show ဆောင်ရွက် | Ministry Of Information Skip to main content Breadcrumb Home / မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြောင်း အသိပညာပေး Talk Show ဆောင်ရွက် Source link