ရန်ကုန် , ဇန်နဝါရီ ၄ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီးအလွတ်တန်းစက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက သတ်မှတ်နေရာများမှ အသီးသီးတာ လွှတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီနာယကတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ အားကစားသမားများ၊ ပြည်သူများ ကြည့်ရှုအားပေးကြသည်။ အဆိုပါ အမျိုးသားပြိုင်ပွဲကို ထောက်ကြံ့နွယ်ခွေမှတ်တိုင်အနီးဒေဝူးအထည်ချုပ်စက်ရုံရှေ့မှ ပြည်လမ်းအတိုင်းလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲကို မင်္ဂလာဒုံလေဆိပ်လမ်းဆုံမှ ပြည်လမ်းအတိုင်းလည်းကောင်း တာလွှတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၊ ပြည့်သူ့ရင်ပြင်တွင်ပန်း၀င်ကြသည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေကြီး၀န်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆု ရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား၊အမျိုးသမီး […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်ကြသည့် ဝန်ကြီးဌာနအဆင့် ဘောလုံး၊ ဖူဆယ်နှင့် ဘော်လီဘော အားကစားနည်းများအတွက် အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ C နှင့် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)တို့၌ အသီးသီးကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှ အားကစားသမားများ သည် ကြိုတင်ဖြန့်ဝေ အသိပေးထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း (၁၉)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၄-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ […]