ylliX - Online Advertising Network

အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် Kristi Noem ကို လွှတ်တော်အတည်ပြု

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဌာနတခုဖြစ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် တောင်ဒါကိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး Kristi Noem ကို ဆီးနိတ် အထက် လွှတ်တော်က စနေနေ့က အတည်ပြုလိုက်ပါတယ်။ သူဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ နှိမ်နင်းရေး အစီအစဥ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ဦးဆောင်ရမှာ ဖြစ်ပါတယ်။ အမိမြေလုံခြုံရေး ဝန်ကြီး တာဝန်က နယ်စပ် ကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံသားဖြစ်မှုနဲ့ အကောက်ခွန်ဆိုင်ရာ ကဏ္ဍတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်၊ လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ လုံခြုံရေး အစရှိတဲ့ ကိစ္စရပ်တွေမှာလည်း တာဝန်ရှိပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးအဖြစ် ဒုတိယ သက်တမ်းဆောင်ရွက်နေသူ Kristi Noem ဟာ သမ္မတထရမ့်ရဲ့ မဟာမိတ်တဦးဖြစ်ပါတယ်။ […]