စံပယ်ပန်း ရေနွေးကြမ်းလို့ ပြောလိုက်ရင် တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မနက်ခင်းမှ စံပယ်ပန်း ရေနွေးကြမ်း ခပ်နွေးနွေးလေးသောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး စိတ်ခံစားချက်ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီလို သောက်လို့ကောင်းတဲ့ ရေနွေးကြမ်းလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ ရမလား! ထိခိုက်တာမျိုးတွေ ရှိနိုင်လား! ကောင်းကျိုးတွေ ရရှိနိုင်လားဆိုတာကို ပြောပြပေးချင်ပါတယ်။ အာဟာရဓာတ်များ စံပယ်ပန်းရေနွေးကြမ်း ပုံမှန် တစ်ခွက်စာ ကယ်လ်လိုရီ 2-5 ကီလိုကယ်လ်လိုရီ ကစီဓာတ် 0-1 ဂရမ် ပရိုတင်း 0 ဂရမ် အဆီဓာတ် 0 ဂရမ် အမျှင်ဓာတ် 0 ဂရမ် ကဖင်း 20-30 မီလီဂရမ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း EGCG နဲ့ Flavonoids ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း […]
ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတယ်လို့ ခံစားရတာက ကိုယ်တစ်ယောက်တည်းလို့ ယူဆနေတာလား! တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ ရာသီလာချိန်မှာ ဗိုက်ဆာတာက လေဒီလေးတော်တော်များများမှာ တွေ့ကြုံရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ ရာသီလာနေချိန် နဲ့ ရာသီမလာခင် တစ်ပတ် ကနေ ၂ ပတ်လောက်မှာ ပုံမှန်ထက် ပိုပြီးဗိုက်ဆာတာမျိုး ခံစားကြရပါတယ်။ ရာသီလာချိန်မှာ အစားစားချင်စိတ် ပြောင်းတာ၊ အစားစားချင်စိတ် ပုံမှန်ထက် ပိုများနေတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတစ်ခုပါ ပဲ ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတာက ပုံမှန်ပဲလား! ရာသီလာချိန်မှာ ဗိုက်တာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ အကြောင်းကတော့ ရာသီလာခါနီး သားဥကြွေတာနဲ့ မျိုးဥအိမ်ကနေ သားဥလေးတွေထွက်လာပြီးချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် ပုံမှန်ထက် ဗိုက်ဆာတာမျိုးကို ခံစားရတာပါ။ တစ်ချိန်တည်းမှာပဲ […]
လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ဖြည့်တင်းဖို့အတွက် သံဓာတ်အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သောက်ကြတဲ့အခါ ဝမ်းချုပ်တာ၊ အသားရောင်က ရင့်သွားတာမျိုးတွေကို ခံစားရတာကြောင့် သံဓာတ် အားဖြည့်ဆေးသောက်ရမှာကို ခပ်လန့်လန့်ဆိုတဲ့ လေဒီလေးတွေအတွက် သံဓာတ် အားဖြည့်ဆေးသောက်ပြီးချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်ရအောင် ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ သံဓာတ် အားဖြည့်ဆေးသောက်ချင်တယ်။ ဝမ်းလည်း မချုပ်ချင်ဘူး ဆိုရင်တော့ – ဆေးပမာဏ မှန်ကန်ပါစေ သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ အစာခြေစနစ်ထဲမှာ သံဓာတ်တွေ ပိုလျှံတာမျိုးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် သံဓာတ်လိုအပ်ချက်ကို မလိုမပိုဘဲ ဖြည့်တင်းမိဖို့ လိုပါမယ်။ အသက် ၅၀ နှစ်အောက် အရွယ်ရောက်ပြီးသူတိုင်း အနေနဲ့ တစ်နေ့တာကို သံဓာတ် ၈မီလီဂရမ်ထက် မပိုစေဘဲ […]
သံဓာတ်ဆိုတာက ခန္ဓာကိုယ်အတွက် အမျိုးမျိုးသောအကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။သံဓာတ်က ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ အောက်ဆီဂျင်ပမာဏ ရရှိစေဖို့၊ ဟော်မုန်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်စေဖို့နဲ့ အခြားအခြားသော အကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ သံဓာတ်က အရေးကြီးပေမယ့် တော်တော်များများက သံဓာတ်ကိုပြည့်ဝအောင် မစားမိကြတာကြောင့် သံဓာတ်ချို့တဲ့တာတွေကို ခံစားကြရပါတယ်။ ဒီအခြေအနေကို အများဆုံး ကြုံတွေ့ရတာကတော့ လစဉ် ရာသီသွေးဆင်းတာကို ခံစားနေရတဲ့ လေဒီလေးတွေပါ။ ရာသီသွေးဆင်းတဲ့အခါ ရာသီသွေးနဲ့အတူ ခန္ဓာကိုယ်တွင်းက သံဓာတ်၊ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးကြရပါတယ်။ ဒီအခြေအနေက လေဒီလေးတွေကို ခြေကုန်လက်ပမ်းကျစေတာ၊ မူးမော်တာလိုမျိုး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ရာသီသွေးဆင်းတာကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်တွေကို ဖြည့်တင်းဖို့ အလွယ်ဆုံးနည်းလမ်း တစ်ခုက သံဓာတ် အားဖြည့်ဆေးသောက်တာပါပဲ။ ဒီလို သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ လေဒီလေး တော်တော်များများ […]
ရာသီလာခါနီးမှာ ရာသီအကြိုလက္ခဏာအနေနဲ့ ဗိုက်ထဲက အောင့်တာ၊ ဆီးစပ်ကိုက်တာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာအပြင် ရာသီလာခါနီးပြီဆိုရင် ရင်သားတွေက တင်းတာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါသေးတယ်။ ဒီအခြေအနေက စိုးရိမ်စရာလားဆိုတော့ မဟုတ်ပါဘူး။ ရာသီလာခါနီးမှာ ဖြစ်လေဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတွေပါ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ရာသီလာခြင်းရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှု ကြောင့်ပေါ့။ ဒီအခြေအနေက normal ပဲ ဆိုပေမယ့် ဒီလက္ခဏာတွေကို ခံစားနေရပေမယ့် ရာသီမလားဘဲ ဖြစ်နေမယ်ဆိုရင်တော့ အကြောင်းအရင်းကို သိရှိဖို့ လိုပြီလို့ ယူဆစရာ ရှိပါတယ်။ အခုတစ်ခေါက်မှာတော့ ရာသီလာခါနီးလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ်ဆိုတာမျိုးကို ခံစားရစေမယ့် ရာသီမလာဘူး ဘာကြောင့်လဲဆိုတာကို သိချင်နေသူတွေအတွက် အဖြေထုတ်ပေးချင်တာပါ။ ဗိုက်အောင့်တာနဲ့ ရင်သားတွေတင်းပြီးနာတာကို တစ်ချိန်တည်းမှာ ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ […]