ဇန်နဝါရီ – ၁၀ ( သောကြာနေ့ ) (အရေးတကြီးကိစ္စရပ်တွေကို ဖြေရှင်းရာမှာ အရည်အချင်းမပြည့်မီတာကြောင့် ဥရောပသမဂ္ဂအဖွဲ့ဟာ ထင်ထားတာထက် ပိုစောပြီး ပြိုလဲသွားနိုင်တယ်လို့ ရောဘတ်ဖီကို က အကြံပြုထားပါတယ်) အီးယူအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ အီးယူကိုထိန်းကျောင်းတဲ့နေရာမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို မကြည့်ဘဲ စိတ်ထင်တိုင်း ဆုံးဖြတ်ချက်တွေ ချနေတာကြောင့် အဖွဲ့ဝင်နိုင်ငံတွေ စီးပွားရေး ကျဆင်းလာပြီး အဲ့ဒိပြဿနာကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ စလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကို သည် ပြစ်တင်ရှုတ်ချခဲ့ ပါတယ်။ ယူကရိန်းနိုင်ငံကိုဖြတ်ပြီး ပို့နေတဲ့ ရုရှားဓာတ်ငွေ့တွေကို ယူကရိန်းတွေက စာချုပ်သက်တမ်းပြည့်လို့ ဖြတ်သန်းခွင့် မပေးတော့တာနဲ့ ပတ်သက်ပြီး သူက ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးအား “စလိုဗက်ကီးယားနှင့် EU ၏ ဘဏ္ဍာရေး အကျိုးစီးပွားများကို ပျက်ပြားစေတယ်” လို့ […]
၂၀၂၄၊ ဒီဇင်ဘာ ၇ ဥရောပသမဂ္ဂ ( အီးယူ) က ရုရှားနိုင်ငံကို ၁၅ ကြိမ်မြှောက် ပိတ်ဆို့မှု အသစ်တစ်ရပ် ချမှတ်ရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြိုတွင် အဖွဲ့ဝင်နိုင်ငံများ သောကြာနေ့က အစည်းအဝေးလုပ်ရာ အမည်မဖော်သော အဖွဲ့ဝင်၂ နိုင်ငံက မထောက်ခံခဲ့သဖြင့် ပိတ်ဆို့မှုအသစ်အဆို အထမမြောက်ခဲ့ကြောင်း သိရပါသည်။ ပိတ်ဆို့မှုအသစ်တွင် ရုရှားနိုင်ငံထုတ် ရေနံထွက်ပစ္စည်းများ ဖြစ်ရာ ဥရောပ နိုင်ငံအချို့မှာ အခြားရင်းမြစ်များမှ ရေနံထုတ်ပစ္စည်းများကို မရနိုင်သဖြင့် ရုရှားနိုင်ငံထုတ် ရေနံ ရင်းမြစ်များကိုသာသုံးစွဲနေရပါသည်။ ပြင်သစ် သတင်းဌာန ပေါ်လက်တီကိုတွင် ပိတ်ဆို့မှုအသစ်ကို မထောက်ခံသော နိုင်ငံများမှာ လက်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့ ဖြစ်ကြောင်းဖော်ပြထားသည်။ စလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ကလည်း ရုရှားမှာ ရေနံစိမ်းများဝယ်ယူပြီး ပြန်လည်သန့်စင်ကာ တိုင်ပြည် အတွက်လိုအပ်နေသော လောင်စာရင်းမြစ်ကို ဖန်တီးနေရသည်။ […]
Credit to Popular Journal – တိုကျို၊နိုဝင်ဘာ ၂ တရုတ်၊မြောက်ကိုရီးယားနှင့်ရုရှားတို့ဖြင့် တင်းမာမှုများမြင့်တက်နေချိန်၌ ဂျပန်နှင့်ဥရောပသမဂ္ဂတို့သည် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ကြေငြာခဲ့ကြသည်။ အဆိုပါကြေငြာချက်အရ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရာ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ကာကွယ်ရေးစက်မှုလက်မှု လုပ်ငန်းဖလှယ်မှုများလည်းပါဝင်မည်ဟုသိရသည်။ ဥရောပသမဂ္ဂသည် အင်ဒို-ပစိဖိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ဂျပန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယာ နှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်လ်တို့ကပြောကြားခဲ့ကြသည်။ “နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေ၊ရာသီဥတုအပြောင်းအလဲတွေနဲ့ယှဉ်ပြိုင်မှုတွေကြား မှာ နေနေကြရတဲ့ ယနေ့ကမ္ဘာကြီးမှာ ဒါတွေကိုကိုင်တွယ်ဖြေရှင်းမဲ့ မိတ်ကောင်းဆွေမွန်ရှိခြင်းကသာအကောင်းဆုံးအဖြေပါပဲ၊ဒါကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရတာပါ” ဟုလည်း မစ္စတာဂျိုးဇက်ကဆိုခဲ့သည်။ ယခုကြေငြာချက်အရ ဥရောပနှင့် အင်ဒို-ပစိဖိတ်ဒေသသည် အပြန်အလှန်ချိတ်ဆက်မှီခိုနေရကာ ပုံမှန်လုပ်ငန်းအဆင့်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများအပြင် အခြားနိုင်ငံများလည်းပါဝင်သည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။ ထို့အပြင် ဆိုက်ဘာလုံခြုံရေးနှင့် […]