(၇-၁-၂၀၂၅ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗန်ကောက်မြို့အခြေစိုက် အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ နာစီရာဒင် ဟေဒါရီ အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ နံနက် (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ Source link
ဆီးရီးယားနိုင်ငံအတွင်း ခပ်မြန်မြန် ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးကြဖို့ အတွက် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေး ဝန်ကြီးတွေ အီရတ်နိုင်ငံ Baghdad မြို့တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ HTS လို့ အတိုကောက်ခေါ်တဲ့ အစ္စလာမ်မစ် ဂျီဟက်အဖွဲ့ Hayat Tahrir al-Sham အဖွဲ့ ဦးဆောင်တဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံတွင်းက မြို့တွေ၊ ရွာတွေကို ပြီးခဲ့တဲ့တပတ်လုံး တိုက်ခိုက် သိမ်းယူခဲ့ကြပြီးတဲ့နောက် မြို့တော် Damascus နဲ့ Homs မြို့ကြီးတွေအထိ ဆက်လက် ချီတက် သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီအခြေအနေအပေါ်အထူး စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က ပြောပါတယ်။ တချိန်တည်းမှာလည်း […]
ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးသိပ်မကြာခင်မှာပဲ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးမယ်လို့ အီရန်က တနင်္ဂနွေနေ့မှာပြောပါတယ်။ ပြင်သစ်၊ ဂျာမဏီနဲ့ ဗြိတိန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အီရန်တို့ကြား သောကြာနေ့မှာ ဆွေးနွေးကြမယ်လို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဆိုပါတယ်၊ ဆွေးနွေးမယ့်နေရာကိုတော့ မပြောပါဘူး။ နျူကလီးယားအစီအစဥ်အပါအဝင် ပါလက်စတိုင်းနဲ့ လက်ဘနွန် စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာအကြောင်းအရာတွေကိုပါ ဆွေးနွေးသွားမယ်လို့လည်း အီရန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခုလာမဲ့တွေ့ဆုံမှုဟာ နယူးယောက်မြို့မှာ စက်တင်ဘာလကကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဘေးပန်းဆွေးနွေးပွဲရဲ့ အဆက်ဖြစ်တယ်လို့လည်း ပြောခွင့်ရသူကပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ […]
အီရန် ဦးဆောင်ပြီး ရုရှားနဲ့ အိုမန်တို့ ပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်ခဲ့ပြီး လေ့လာသူတွေ အဖြစ် နိုင်ငံပေါင်း ၉ နိုင်ငံက တက်ရောက်ခဲ့ကြကြောင်း အီရန်အစိုးရ ရုပ်သံမှာ ဖေါ်ပြပါတယ်။ “IMEX 2024” လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းလုံြံခုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာစေဖို့ ရည်ရွယ်သလို၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ဖို့၊ ရေကြောင်းလုံခြုံရေး၊ မိတ်ဆွေဖြစ်မှုနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်စွမ်းရှိဖို့ ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းမှာ ဖေါ်ပြထားတာပါ။ ဒီပူးတွဲလေ့ကျင့်မှုဟာ နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှု လုံခြုံစေမယ့် နည်းဗျူဟာတွေ၊ ရေကြောင်းသွားလာရေး လမ်းကြောင်း အကာကွယ်ပေးရေး၊ လူသားစာနာမှု ဆိုင်ရာမြှင့်တင်ရေး၊ ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ အချက်အလက် ဖလှယ်ရေးတွေကို လေ့ကျင့်ကြတာ […]