ဒီဇင်ဘာ – ၃၁ ( အင်္ဂါနေ့ ) အစ္စရေးစစ်တပ်က အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖျက်မှုတွေပြုခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ New York Times က မကြားသေးမီက ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒိသတင်းဖော်ပြချက်မှာ သေဆုံးသူပါလက်စတိုင်းတွေကို စာရင်းဇယားနဲ့ ထုတ်ပြန်တာမဟုတ်ဘဲ၊ သေဆုံးရတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အဓိကကျတဲ့ စာရင်းတွေကိုတော့ ချန်လှပ်ထားပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် NYTရဲ့ သတင်းတစ်ခုမှာ မထင်မရှား အကြမ်းဖက်ဟားမတ်အဖွဲ့ ပစ်မှတ်တစ်ခုကို အစ္စရေး လေတပ်က ဗုံးကျဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အရပ်သား ၂၀ ဦးသေဆုံးခဲ့တယ်လို့ သတင်းစာက ဗုံခွံတစ်ခုပုံကိုပြပြီး သတင်းတင်ပြခဲ့ပါတယ်။ အဲ့ဒိသတင်းဆောင်းပါး အဆုံးမှာ “ အရင်တုန်းက အစ္စရေး စစ်တပ်မှာ သုံးတဲ့ လုပ်ထုံးလုပ်နည်းတွေ […]
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့ပေါ်ကို AAဘက်က ထိန်းချုပ်ထားပြီး မြို့ပေါ်မှာပိတ်မိနေတဲ့အရပ်သားတွေကို AA က ကယ်ထုတ်နေတယ်လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒီရက်ပိုင်း အရပ်သား (၉) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ဂွ၊ အမ်းနဲ့ မောင်တောမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်ဘက်က စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးထားပါတယ်။ အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်နေတဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတော်တော်များများ AAဘက်ကသိမ်းပိုက်ထားပြီး မြို့ပေါ်အထိ ထိန်းချုပ်ထား နိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို AA ဘက်က ကယ်ထုတ်နေတယ်လို့တောင်ကုတ်မြို့ပေါ်ကနေ ထွက်ပြေး တိမ်းရှောင် လာတဲ့ […]