ylliX - Online Advertising Network

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံး

မိုးမခ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၅ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံး ဇန်နဝါရီလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့ရာမှာ အရပ်သားအနည်းဆုံး ၄၀ ဦးအထိ သေဆုံးခဲ့ရပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကျေးရွာဟာ ကမန်လို့ခေါ်ဆိုတဲ့ ရခိုင်ပြည်နယ်မှာ ရှေးဘုရင်တွေလက်ထက်ကတည်းက ရောက်ရှိအခြေချခဲ့ကြတဲ့ လူမျိုးစုတွေ ဖြစ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။ လူနည်းစု လူမျိုးဖြစ်ပြီး အစ္စလာမ်ဘာသာကိုးကွယ်တာကြောင့် ဘာသာခြားဆိုတဲ့ ဘာသာရေး အစွန်းရောက်တဲ့ အမြင်၊ လူမျိုးရေးအစွန်းရောက်တဲ့ အမြင်မျိုးနဲ့ အခွင့်အရေးတချို့ ကန့်သတ်ခံကြရတဲ့ လူမျိုးနွယ်စု ဖြစ်ပါတယ်။  ၂၀၁၂ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က လူမျိုးရေးဘာသာရေး ပဋိပက္ခတွေရဲ့ မီးပွားက ရမ်းဗြဲမြို့နယ် […]