ylliX - Online Advertising Network

အရေးပေါ်အခြေအနေကာလ စစ်ကောင်စီ သက်တမ်းတိုး

မြန်မာနိုင်ငံတဝှမ်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်လိုက်တဲ့လိုက်တဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်ပြည့်မတိုင်ခင် တရက်အလို ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးက သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ သက်ဆိုင်ရာ စစ်ကောင်စီ အကြီအးကဲတွေ အစည်းအဝေး တက်ရောက်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် တည်ငြိမ်အေးချမ်းမှု လိုနေသေးတာကြောင့် လုပ်ဆောင်ဖို့ လိုအပ်နေတာတွေကို အရှိန်အဟုန် မပျက်ဆောင်ရွက်ဖို့၊ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ နောက်ထပ် ၆ လ […]