မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်တွင် တည်းခိုဆောင် အခန်းပေါင်း (၆၀၀) ကျော်၊ ဈေးဆိုင်ခန်းပေါင်း (၈၀၀) ကျော်ကို စတင်ဆောက်လုပ်နေပြီး လက်ရှိတွင် နမ္မဒါတည်းခိုဆောင်အပါအဝင် ငွေသောင်ယံနှင့် မန်းချောင်း သောင်ပြင်တစ်လျောက် တည်းခိုဆောင်နှင့် […]
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဥ်များအနေဖြင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က အသိပေးထားသည်။ အဆိုပါ YBS ယာဥ်များပေါ်၌ မီးသတ်ဆေးဘူးများ ထားရှိရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မျမှ လိုက်လံစစ်ဆေးသည့်အခါ ယာဉ်ပေါ်တွင် မီးသတ်ဆေးဘူးမပါရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်ခိုင်းခြင်း၊ ဒါဏ်ငွေရိုက်ခြင်းနှင့် မီးသတ်ဆေးဘူး တပ်ဆင်မပြီးမချင်း ယာဉ်မထွက်ခွင့်မပြုခြင်း စသည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဟုဆိုသည်။ ထို့ပြင် YBS ယာဉ်များတွင် အသင့်အသုံးပြုနိုင်သော အရန်ဘီး၊ ပြုပြင်မှုတန်ဆာပလာ၊ အရေးပေါ်ထွက်ပေါက်၊မှန်ခွဲရန်တူ သို့မဟုတ် ပုဆိန်၊ ရှေးဦးသူနာပြုဆေးသေတ္တာ စသည့်အရာများ စီစဉ်ထားရှိရန်လည်းသက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 𝙈𝙃𝙏𝙉𝙀𝙒𝙎 Source link