၂၀၂၄၊ ဒီဇင်ဘာ ၂ အမူပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့် သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အား ကမ္ဘာ့သူကြွယ်ကြီး အီလွန်မက်စ်က အမေရိကန်တွေရဲ့ ဂုဏ်သိက္ခာကို မစော်ကားသင့်ဘူးလို့ သူ၏ ဆိုရှယ်မီဒီယာဖြစ်သော အိတ်စ် ( ယခင်တွစ်တာ) ၌ ရေးသားဖော်ပြခဲ့ပါသည်။ သူက သမ္မဘိုင်ဒန်အနေဖြင့် ၎င်း၏သားဖြစ်သူနှင့် ပတ်သက်သည့် တရားရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ယခင်က အကြံပြုခဲ့ဖူးသည်။ ဟန်တာဘိုင်ဒန် သည် ၂၀၁၈ ခုနှစ်တွင် ခြောက်လုံးပြူး တစ်လက်ဝယ်သည့်အခါ ၎င်း၏သေနတ်ဝယ်သည့် စာရွက်စာတမ်းကိစ္စများနှင့်ပတ်သက်၍ လိမ်လည်ပြောဆိုမှုအတွက် ပြစ်မှုသုံးခုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ သီးခြားအမှုတစ်ခုတွင်၊ ရာဇဝတ်မှု သုံးကြိမ်နှင့် အခွန်ဆိုင်ရာ ရာဇဝတ်မှုခြောက်မှုတို့၌ အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ တနင်္ဂနွေနေ့က တင်သောပို့စ်တစ်ခုအား ပြန်လည်ဖြေကြားရာတွင် အီလွန်မက်စ် က […]