ရခိုင်ပြည်နယ် တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ အမ်းမြို့နယ်တွင်းက စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကရော ရေကြောင်းကပါ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းအပြည့်စုံကို တင်ပြထားပါတယ်။ ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ်အတွင်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ လက်ကျန် တပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက် တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေတယ်လို့ AA ပြောခွင့်ရ […]
ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီးက ကတိပြုထားချိန်မှာပဲ စနေနေ့က အစ္စရေး အလယ်ပိုင်းဒေသ အတိုက်ခိုက်ခံခဲ့ရပြီး Tira မြို့ကလေးမှာတော့ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ Source link