လူတစ်ယောက်ဟာ အသက်အရွယ် ၊ အရပ် အနိမ့်အမြင့်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် ပမဏထက် ကျော်လွန်ပြီး အဝလွန်နေပြီ ဆိုရင်တော့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာကို ကြုံတွေ့ခံစားရမှာ အသေအချာအပါပဲ။ အဝလွန်ခြင်း ဟာ ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေမယ့် နာတာရှည် ကျန်းမာရေး ပြဿနာများစွာဆီ ဦးတည်နေသလို လိင်မှုဘဝ ကျန်းမာရေးအပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ ဒီတစ်ခေါက်တော့ အဝလွန်ခြင်းနဲ့ ဆက်စပ်ပြီး ကြုံတွေ့ရနိုင်တဲ့ ဖြစ်နိုင်ခြေအရှိဆုံး လိင်မှုဆိုင်ရာ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။ (၁) လိင်စိတ် နည်းပါးစေတယ် Photo : Dr Ben Medical အဝလွန်ခြင်း ဟာ လိင်စိတ်ဆန္ဒ ကျဆင်းမှုနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန် အဆမတန် များနေခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ တက်စတိုစတီရုန်း […]