မှော်ဘီ ၊နိုဝင်ဘာ ၁၂ ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများကိုအပတ်စဉ်ဆောင်ရွက်လျှက်ရှိ ရာယနေ့နံနက်(၈)နာရီမှ(၉)နာရီထိမှော်ဘီမြို့နယ်မြို့ချောင်းတိုးဂိတ်အနီးတွင်ယာဉ်ထိန်းတပ်ဖွဲ့စုဒုရဲအုပ်သက်မောင်မောင်ဦးစီးတပ်ဖွဲ့ဝင်(၃)ဦးတို့မှဆိုင်ကယ်စီးနင်းသူ(၂၅)ဉီးတို့အားယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးခြင်းတို့အားဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ယာဉ်ထိန်းဒုရဲအုပ်သက်မောင်မောင်မှဆိုင်ကယ်စီးရာတွင်ဦးထုပ်ဆောင်းရန်နှင့်ဆိုင်ကယ်စီး နင်းရာတွင်လဲနှစ်ဦးထက်ပို၍မစီးရန်၊ဆိုင်ကယ် မောင်းသူနှင့်စီးနင်းသူနှစ်ဦးစလုံးဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ဆိုင်ကယ်မောင်းနေစဉ်လက်ကိုင်ဖုန်း များမပြောရန်၊မိုးရွာသွန်းမှုများသဖြင့်ဖြည်းညင်းစွာမောင်းနှင်ကြရန်၊မြို့တွင်း၊မြို့ပြင်အရှိန်ပြင်းမ မောင်းရန်၊အရက်သေစာသောက်စားခြင်းမပြုရန်၊ မိုးရွာနေစဉ်အတွင်း၌အရှိန်ပြင်းစွာမမောင်းကျရန် မှာကြားဆောင် ရွက်ခဲ့သည်။ ထိုနောက်ယာဉ်ထိန်းဒုရဲအုပ်သက်မောင်မောင်ဦးစီး(၃)ဦးတို့မှယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာ ပေးပြောကြားခဲ့ပြီးယာဉ်/လမ်းစည်းကမ်းအသိပ ညာပေးလက်ကမ်းစာစောင်များအားဆိုင်ကယ်စီး နင်းသူများကိုဖြန့်ဝေခဲ့ကြောင်းသိရသည်။ ဝင်းဇော် https://t.me/MyanmarNationalPost Source link