ylliX - Online Advertising Network

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ – MyanmarNationalPost

ရန်ကုန်၊ ဇန်နဝါရီ ၈ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ အဖွဲ့ဝင်များအား လူ့အခွင့်အရေး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ဘာသာပေါင်းစုံ၏ စုပေါင်းအား ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင် တစ်ဖက်တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသည့်အဖွဲ့၏ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ် ၍ လူ့အခွင့်အရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က Esperado LakeView Hotel ၌ ကျင်းပသည်။ ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ […]