အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ထွေအုပ်ရုံးကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ည ၁၁ နာရီကျော်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆမီးမြို့ကို AA ထိန်းချုပ်တဲ့ တစ်နှစ်ပြည့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ “ဂျက်ဖိုက်တာ တစ်စင်းနဲ့ ထွေအုပ်ရုံးကို မနေ့ညက ၁၁ နာရီ ၁၂ မိနစ်အချိန်လောက်မှာ ဗုံးသီး နှစ်လုံးကြဲတယ်။ ည ၁၁ နာရီ ၁၅ မိနစ်အချိန်လောက်မှာ ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ထပ်ကြဲတယ်။ […]
RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ AA ၏ ထုတ်ပြန်ချက်တွင် လက်ရှိပြုစုနေသောစာရင်းများအရ သေဆုံးသူ (၂၆) ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး နှင့် အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ […]
ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG နဲ့ တရုတ်ဆွေးနွေး AA ပါဝင်။ စစ်ကောင်စီကို တရားဝင်အစိုးရမဟုတ်ဟု သတ်မှတ်ပြီ။ အစိုးရ အစစ်အမှန်ကို တရုတ် တရားဝင် ချပြပြီ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် […]
အာရက္ခတပ်တော်(AA)ရဲ့ ဒီဇင်ဘာ တစ်လအတွင်း လေးမြို့မြောက်အဖြစ်သိမ်းလိုက်တဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မ(၁၁)တပ်မမှူးနဲ့ တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီအင်အား ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဂွမြို့ မကျစေဖို့ စစ်ကောင်စီရဲ့ တပ်မ-၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး နဲ့ ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့က အပြင်းအထန် ခုခံကာကွယ်ခဲ့ပေမဲ့ AA ထိုးစစ်ကို မခံနိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ သံချပ်ကာတချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း AA က ပြောပါတယ်။ စစ်ကောင်စီက အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို သံချပ်ကာပစ်ကူ၊ လေကြောင်း၊ […]
ရခိုင်ပြည်မှာ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလအတွင်း သိမ်းပိုက်ထားတဲ့ မောင်တော၊ တောင်ကုတ်နဲ့ အမ်း မြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီမြို့တွေကို AA သိမ်းပိုက်ထားပေမဲ့ မိုင်းနဲ့ လေကြောင်း အန္တရာယ်ကြောင့် AA က ပြည်သူတွေကို မြို့ထဲပြန်နေခွင့် မပြုသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “မြို့ထဲ ပြန်ဝင်ခွင့် မပေးသေးဘူး။ ပေးဝင်လည်း မြို့ပျက်ထဲမှာ ပြန်နေရသလို ဖြစ်မှာပဲ။ ခက်ခဲတယ်။ နေရ၊ ထိုင်ရ၊ စားရသောက်ရ စျေးတွေလည်းကြီးပြီး ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေဆိုရင် တော်တော်ကို စိုးရိမ်ရတယ်။ ပြန်ဝင်ရင်တောင် တော်တော်နဲ့ ပြန်ထူထောင်နိုင်ဖို့ မလွယ်ဘူး”လို့ အမ်းမြို့က အသက် ၅၇ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက […]
ရခိုင်မှာ အာရက္ခတပ်တော်ကို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တိုက်ရေးခိုက်ရေး နဲ့ အောင်စိတ်ဆိုတာမျိုး ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ သောကြာနေ့က လုံးဝထိန်းချုပ်လိုက်တဲ့အပြင်၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ်တို့ကိုပါ လက်ရဖမ်းဆီးခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီ တပ်မှူး၊ တပ်သားတွေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ၊ အာရက္ခတပ်တော်ဘက်က စစ်ရေးမှာ ဘာကြောင့် အားသာနေသလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင်အဖွဲ့ တာ၀န်ခံ CDM ဗိုလ်မှူးနောင်ရိုး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ ဗိုလ်မှူးနောင်ရိုး ။ ။ စစ်တပ်ရဲ့ သမိုင်းတလျှောက်၊ တိုင်းစစ်ဌာနချုပ်အဆင့် နှစ်ခုလောက်ကို […]
တိုင်းရင်းသား အဖွဲ့တွေ အပေါ် တရုတ်နိုင်ငံရဲ့ဖိအားက အမြင့်ဆုံး အဆင့် ကျရောက်နေပေမယ့် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် သက်ရောက်မှုမှာတော့ အကန့်အသတ်ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ဗွီအိုအေကို ပြောပါတယ်။ Source link
RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်ဟု သိရသည်။ မြို့သိမ်းထားနိုင်သော်လည်း […]