ရွှေတောင် ၊ နိုဝင်ဘာ-၁၄ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ. လ.က)အ မြောက်တပ်ကျောင်းနှင့် အမက ကံသုံးဆင့် (မ)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက အ ခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့ယ်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင် နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ(အ. လ.က) အမြောက်တပ်ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ် မော်မော်နှင့် အ.မ.က ကံသုံးဆင့် (မ)ကျောင်းအုပ်ဆရာကြီး ဦးသက်ပိုင်စိုးတို့ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား စေရန်၊ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နှင့် နောက်ခံသမိုင်းကြောင်း၊လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ဆင့်က […]