လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဥတ္တရသီရိ မြို့နယ်၊ ဥတ္တရသီရိမူကြိုကျောင်းတွင် မူကြို ကျောင်းသား/သူ (၈၀)ဦး အား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၄) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) ကျွဲရှင်းအခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာများမှ အရာထမ်း/ အမှုထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၅၀) ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအားအသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အား ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_Nov_2024 Source: ဥတ္တခရိုင်ဦးစီးမှူးရုံး Source link
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၄) ရက်နေ့ (၁၀:၀၀)မှ (၁၂:၀၀)အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link
နေပြည်တော်၊ အောက်တိုဘာ ၃၁ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ၂၉-၁၀-၂၀၂၄ ရက်နေ့က ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် နေပြည်တော်ပညာရေးမှူးရုံး တိုင်းဦးစီးမှူး ဒေါက်တာကျော်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်းဖွားအက နှင့် ဘင်ခရာတီးဝိုင်းအဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအား […]
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ (၂၃-၁၀-၂၀၂၄) ရက်နေ့ (၁၀:၀၀) မှ (၁၂:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညိုအခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး မျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_oct_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ) Source link