ylliX - Online Advertising Network

မဲခေါင်မြစ်ဝှမ်းပေါ်က ရေလှောင်တမံတွေမှာ ရေအဆမတန်မြင့်တက်နေ (MDM)

မဲခေါင်မြစ်ပေါ်က အဓိကရေလှောင်တမံကြီးတွေမှာ ရေသိုလှောင်နိုင်တဲ့အမြင့်ဆုံးပမာဏထိ ရေတက်လာတဲ့အတွက် မြစ်အောက်ပိုင်းနိုင်ငံတွေ လာမဲ့နွေရာသီအတွက် ကြိုတင်ပြင်ဆင်ထားဖို့မဲခေါင်မြစ်အရေးစောင့်ကြည့်လေ့လာနေတဲ့ Mekong Dam Monitor (MDM)အကြံပြုပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက် နန်းလောင်ဝ်ကတင်ပြထားပါတယ်။ .. Source link

ရေထုစီးဆင်းမှု နည်းလာတဲ့ကမ္ဘာ့အကြီးဆုံး အီဂွါဇူ ရေတံခွန်ကြီး

ဒီနေရာကတော့ ဘရာဇီးလ်နဲ့ အာဂျင်တီးနား နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အီဂွါဇူ ရေတံခွန်ပါ။ ဒါကတော့ ကမ္ဘာမှာ အကြီးဆုံးရေတံခွန်စနစ်ရှိတဲ့နေရာဖြစ်ပါတယ်။ သူ့မှာက ရေတံခွန်ပေါင်း ၂၇၀ကျော်စီးဆင်းနေတာဖြစ်ပါတယ်။ ဒီရေတံခွန်မှာရော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ကမ္ဘာ့ရာသီဥတုပူပြင်းလာတဲ့အတွက် ရေတံခွန်အပေါ် ဘယ်လောက်ထိခိုက်မှုရှိလာသလဲဆိုတာ ကြည့်ကြရေအာင်ပါ။ Wonder of Nature ကမ္ဘာ့အံ့ဖွယ်သဘာဝတရားကြီး ၇ ခုထဲက တခုအပါအဝင်ဖြစ်တဲ့ Iguazu ရေတံခွန်ကြီးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံကြားက Niagara ရေတံခွန်ကြီးထက်ပိုမြင့်သလို ဇမ်ဘီယားနဲ့ ဇင်ဘာဘွေနှစ်နိုင်ငံကြားက Victoria ရေတံခွန်ထက်လည်း ၃ ဆလောက် ပိုကျယ်ပါတယ်။ UNESCO ရဲ့ ထိန်းသိမ်းရမဲ့ အမွေအနှစ်စာရင်းဝင် ဖြစ်တဲ့ Iguazu အမျိုးသားဥယျာဥ်ထဲက ရေတံခွန်ကြီးဆီ နှစ်စဥ် ကမ္ဘာအရပ်ရပ်က လူပေါင်း သန်းနဲ့ချီလာရောက်ကြည့်ရှုကြတဲ့အတွက် ဒေသတွင်းအလုပ်အကိုင်နဲ့ နိုင်ငံဝင်ငွေ အများအပြား ဖန်တီးပေးနေတဲ့ နေရာတခုလည်းဖြစ်ပါတယ်။ […]

အန္တာတိကတိုက်အစပ်က ဂေဟဗေဒစနစ်တွေ ပြောင်းလဲလာနေ

ရေခဲလွှာရေခဲမြစ်တွေရှိရာ Patagonia ဒေသနဲ့ တောင်ဝင်ရိုးစွန်းကြားမှာရှိတဲ့ Ushuaia မြို့ကလေး ကြမ်းတမ်းလှတဲ့ရာသီဥတုဟာ ကမ္ဘာ့ပူနွေးမှုဂယက်ကြောင့်ပိုလို့တောင်ခန့်မှန်းရခက်ပြီး ဂေဟဗေဒစနစ်တွေလည်း ထိခိုက်လာနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်အတွက် နန်းလောင်ဝ်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။ Source link