သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို ညစဉ်ဆက်ရက် ပေါ်တာလိုက်ဆွဲနေပြီးယခုသီတင်းပတ်အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ အလည်သွားသော အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။ အဲ့မှာဖုန်းစစ်တော့ ငွေလှူထားတာတွေ့တယ် ပြောတယ်။ စစဖမ်းမိတုန်းကတော့ အိမ်နဲ့ ဖုန်းခဏပေးပြောတယ်။ ဖမ်းမိပြီး ဘာညာပေါ့။ မကြာဘူး ဖုန်းသိမ်းသွားပြီး၊ အဆက်အသွယ်မရတော့တာ” ဟု ၎င်းကပြောသည်။ ထိုအမျိုးသမီးတစ်ဦးကို လက်ရှိတွင် ရွှေညောင်ရဲစခန်း၌ ဖမ်းဆီးထားပြီး ပြန်လည် လွှတ်ပေးလာခြင်း မရှိသေးကြောင်း သိရသည်။ အလားတူ ၂၀၂၄ ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီက လူငယ်များကို ပေါ်တာလိုက်ဆွဲရာ ကျောင်းကြီးစုရပ်ကွက်မှ […]
RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ရှိ စစ်ကြောင်း (၂) ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၁၅၀၀ ခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။ စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ (၃) ရက်အတွင်း အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ (၃) ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ (၁၇) ဦးဖမ်းဆီးရမိကြောင်း၊ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေနေသည်ဟု […]